angel part 13

2.9K 327 34
                                    


Zawgyi


''ဝုန်း....''

ဝုန်းခနဲ တံခါးဖွင့်သံနှင့် အနောက်ကခြေသံတွေက တစ်ဆက်တည်းပါလာသည်။

yoongi kookie ကို ဆံပင်သုတ်ပေးနေရင်းမှ အနောက်ကို လှည့်ကြည့်လိုက်တော့ tae ရယ် hobi ရယ် jimin ရယ် အခန်းထဲ ဝင်လာကြတာဖြစ်သည်။

yoongi - မျောက်သုံးကောင် မင်းတို့ဘာလာလုပ်တာလဲ....ငါ့အခန်းတံခါးလည်း တစ်နေ့တစ်နေ့ မင်းတို့လုပ်တာနဲ့ ဘယ်အချိန်ပျက်မလဲ မသိဘူး

tae က yoongi ပြောနေတာကို ဂရုမစိုက်ဘဲ kookie လက်ကိုလာဆွဲသည်။

tae - kookie ကလေး hyung တို့ အပြင်သွားမလို့ လိုက်ခဲ့

yoongi - ဟဲ့ကောင် ဘယ်လိုဖြစ်နေလဲ ကလေးက ခေါင်းမခြောက်သေးဘူး နေမကောင်းဖြစ်အုံးမယ်

yoongi ဟောက်လိုက်တာကြောင့် tae လည်း kookie လက်ကို ပြန်လွှတ်လိုက်တာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

jimin နှင့် hobi ကလည်း ဘေးနားကိုလျှောက်လာပြီး ကုတင်ပေါ်တွင် ထိုင်ကာ စောင့်နေကြသည်။

yoongi - နေပါအုံးမင်းတို့ အစောကြီး ဘယ်သွားမလို့ ဒီလောက်တောင် တက်ကြွနေတာလဲ

jimin - ကစားကွင်းသွားမလို့

yoongi - မကြီးမငယ်တွေနဲ့

kookie - ကစားကွင်းလာ Hyung

jhope - ဟုတ်တယ် kookie ရဲ့ လိုက်မယ် မှတ်လား

kookie - လိုက်မယ်

ကစားကွင်း ဆိုတာနဲ့ ဒီကလေးမှာလည်း နှစ်ခါမဆွယ်လိုက်ရ။

tae - အဲ့ဒါဆို လာသွားမယ်လေ ဟို ရောက်ရင် kookie စားချင်တာတွေ အကုန်ဝယ်ကြွေးမယ်လေ

kookie - Nae တကယ်နော် Hyung

Tae - တကယ်မဟုတ်ဘူး နှစ်ကယ် လာသွားမယ်

kookie လက်ကိုဆွဲကာ ထွက်သွားရန်ပြင်နေတဲ့ Tae တို့ သုံးယောက်ကို yoongi က အနောက်ကနေလှမ်းအော်သည်။

yoongi - ဟိုသုံးကောင် ကလေးကို သေချာခေါ်သွားအုံးနော်

tae&jimin&jhope - Nae

-----------------------------------------------------

Jin - yoongi အစောကြီး နိုးနေပါလား

Our Angel Baby Brother (Completed)Where stories live. Discover now