angel part 16

2.9K 338 63
                                    


Zawgyi


Yoongi တစ်ယောက် တစ်ရေးနိုး အိပ်ယာထတော့ ဘေးမှာ ဟိုကလေးက မရှိ။

နာရီကြည့်လိုက်တော့ မနက် ငါးနာရီခွဲပဲ ရှိသေးသည်။

အစောကြီး ဒီကလေး ဘယ်ရောက်သွားတာလဲ။

စိတ်ထဲက ရေရွတ်ရင်း ရေဆာလာသောကြောင့် အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။

အောက်ထပ်မီးဖိုခန်းက မှောင်မဲနေပြီး မီးရောင်ဝါဝါလေးကိုသာ မြင်နေရသည်။

ကိုယ့်စိတ်ထင်တာလားတော့ မသိ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံတွေကိုလည်း ကြားနေရသည်။

စိတ်က နည်းနည်းထင့်သွားကာ အခန်းဘေးမှာရှိတဲ့ ဘေ့ဘော တုတ်တံကို ကောက်ကိုင်လိုက်ပြီး မီးဖိုခန်းနာကို တဖြည်းဖြည်းကပ်လိုက်သည်။

"ဂွပ်ဂွပ်...''

"ပြွတ်ပြွတ်....''

တဂွပ်ဂွပ် တပြွတ်ပြွတ်နဲ့ အသံတွေပါ ကြားရတော့ လူကနည်းနည်း တွန့်သွားသည်။

သွေးရိုးသားရိုးတော့ မဖြစ်နိုင်။

သူခိုးမဟုတ်ရင်တော့ သရဲပဲ။

မကြောက်တက်ပေမယ့် စိတ်တထင့်ထင့်နှင့် ဇောချွေးတွေပင် ပြန်လာသလို။

နံရံဘေးကို ကျောနှင့် တဖြည်းဖြည်းကပ်ကာ မီးခလုပ်ကို စမ်းပြီး ဖွင့်လိုက်စဉ်.....

""ချောက်.....''

မြင်လိုက်ရတဲ့ မြင်ကွင်းက kookie တစ်ယောက် ရေခဲသေတ္တာဘေးနားမှာ ငုတ်တုတ်လေးထိုင်လျှက်။

လက်ထဲမှာလည်း banana milk ဘူးကိုကိုင်ထားကာ ပိုက်နဲ့ တပြွတ်ပြွတ် စုပ်သောက်နေလျှက် Yoongi ကို မျက်လုံး အပြူးသားလေးနှင့် ကြည့်နေသည်။

"ခလွမ်း...ကလောင်.....''

Yoongi လက်ထဲမှာ ကိုင်ထားတဲ့ ဘေ့ဘောတုတ်လဲ လွှတ်ကျသွားသည်။

Yoongi - kookie ဘာလုပ်နေတာလဲ

Kookie - Yoongi Hyung လား....Kookie ဗိုက်ဆာလို့

Yoongi - ဟေ

Yoongi ဟေခနဲ အသံ မြည်သွားသည်။

Kookie ထိုင်နေတဲ့ ဘေးကို ကြည့်လိုက်တော့ ရေခဲသေတ္တာက ပွင့်လျှက်သားနှင့် ဘေးမှာကလည်း မုန့်ထုတ်တွေရော အအေးဘူးတွေပါ မနည်းမနော။

Our Angel Baby Brother (Completed)Where stories live. Discover now