angel part 15

3K 360 64
                                    


Zawgyi


မနက်ဖြန်ဆိုတာ ရှိနေသရွေ့တော့ မျှော်လင့်ချက်ဆိုတာ ရှိနေအုံးမှာပါ။

အဲ့ဒီ့ မျှော်လင့်ချက်လေးကြောင့်ပဲ ကျွန်တော်တို့အားလုံး နာကျင်နေတဲ့ နှလုံးသားကို အန်တုပြီး မနက်ဖြန်များစွာကို ဖြတ်သန်းခဲ့ကြတာပေါ့။

သတိရတယ် ကလေးလေးရယ်။

သတိရတယ်ဆိုတာထက် Hyung တို့အားလုံး ကလေးလေး ပြန်လာမယ့် နေ့ကို စောင့်မျှော်နေမိတယ်ဆိုတာက ပိုမှန်လိမ့်မယ်။

ပြက္ခဒိန် တွေလည်း အလီလီပြောင်းကုန်ပြီး။

ရာသီစက်ဝန်းတွေလည်း တရွေ့ရွေ့ ပြောင်းလဲကုန်ပြီ။

ကလေးကို လွမ်းရင်း စောင့်မျှော်ရင်းနဲ့ပဲ သုံးနှစ်ဆိုတဲ့ အချိန်ကာလကို Hyung တို့အားလုံး အထီးကျန်လွန်းစွာ ဖြတ်သန်းခဲ့ရတယ် ဆိုတာ ကလေးလေးသိရင်ကောင်းမယ်။

ဟော့ အခုကြည့်ပါအုံး နောက်တစ်နှစ်ရဲ့ နွေဦးကို ရောက်လာပြန်ပြီး။

နွေဦးရောက်ပြီဆိုတော့ တစ်ခြားသောလူတွေက ပျော်ရွှင်ကြပေမယ့် Hyung တို့အားလုံး မပျော်နိုင်ကြဘူး။

အဲ့ဒါဘာကြောင့်လည်း ကလေးလေးသိလား။

Hyung တို့အားလုံးချစ်တဲ့ညီလေး Hyung တို့ရဲ့ ကလေးလေးက Hyung တို့အနားမှာ မရှိမှတော့ Hyung တို့အားလုံး ဘယ်ပျော်နိုင်ပါ့မလဲ။

အခုလည်းကြည့် Hyung တို့အားလုံး ဒီနှစ်ရဲ့ နွေဦးကိုလည်း အရင်လိုပဲ အထီးကျန်စွာနဲ့ပဲ ဖြတ်သန်းကြရအုံးမှာလား။

Hyung တို့ရဲ့ ပြင်းပြလွန်းတဲ့ လွမ်းဆွတ်မှုတွေကဘဲ နှင်းတွေကို အရည်မြန်မြန် ပျော်စေခဲ့တယ် ထင်ရပါ့။

ကလေးလေးသိလား ညဘက် ကောင်းကင်းကြီးကို မော့ကြည့်မိတိုင်း ကလေးလေးများ Hyung တို့ကို ပြန်ကြည့်နေမလားဆိုပြီး Hyung တို့အားလုံး အရူးတွေလို ကောင်းကင်ကြီးနဲ့ စကားပြောဖြစ်ကြတယ်။

အဖော်ဖြစ်တဲ့ ကြယ်တာယာလေးတွေတောင်ပါသေးတယ်။

လမင်းမရှိတဲ့ လမိုက်ည တွေမှာတောင် ကောင်းကင်ရဲ့ အလင်းရောင်နဲ့ Hyung တို့ သီချင်းတွေ ဆိုခဲ့ကြသေးတယ်။

Our Angel Baby Brother (Completed)Where stories live. Discover now