angel part 17

2.9K 369 129
                                    


Zawgyi

''ဝုန်း....''

Namjoon တစ်ယောက် မနက် အစောထကာ သီချင်းရေးဖို့အတွက် စာကွဲပေါ်မှ မီးအိမ်လေးကို ဖွင့်ရုံရှိသေး အနောက်ဘက်မှ ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်မိသည်။

ကုတင်ပေါ်မှာ အိပ်နေတဲ့ Jimin နဲ့ Hobi တို့နှစ်ယောက်က ကုတင်အောက်ကို လုံးထွေးလျှက် ပြုတ်ကျကာ အတုံးအလုံး စောင်တွေကလည်း အထွေးလိုက်။

Jimin - Hobi Hyung ဘာလို့ ကျွန်တော့ကို ကုတင်ပေါ်က တွန်းချတာလဲ

Jhope - မင်းဘာလို့ ငါ့ခါးကို လာတို့လဲ

Jimin - ဘယ်မှာ တို့လို့လဲ စောစောစီးစီး ဘလိုင်းကြီးလာမခွတ်နဲ့နော်

Jhope - မုန်လာဥ လာမလုပ်နေနဲ့ ကုတင်ပေါ်မှာ အိပ်နေတာ မင်းရယ်ငါရယ် နှစ်ယောက်ပဲရှိတယ် မင်းမတို့လို့ ဘယ်သူတို့မှာလဲ

Jimin - ဟာဗျာ မတို့ပါဘူးဆို

Jimin တစ်ယောက် ဘယ်လိုမှ ရှင်းပြမရတဲ့အဆုံး ဒေါသထွက်လာသည်။

လူက အိပ်ချင်နေပါတယ်ဆိုမှ စောစောစီးစီး။

Jimin - Hyung နော် မလုပ်ပါဘူးဆိုတာကို ပြောနေတာ မယုံဘူး

ဒေါသထွက်ထွက်နဲ့ တရှူးရှူး တရှဲရှဲ ဖြစ်လာသည်။

Jhope - ပုသလောက် ပလီတာ မင်းပဲရှိတယ်

Jimin - Borrrrrrr!!!!!!

Hobi ရဲ့ စကားသံအဆုံးမှာ ဟိန်းထွက်လာတဲ့ Jimin ရဲ့အသံနှင့်အတူ အစပျိုးလာတဲ့ ညီအကို နှစ်ယောက်ရဲ့တိုက်ပွဲက အသက်ဝင်လာခဲ့သည်။

Jimin က Hobi အပေါ်က တက်ခွကာ မျက်နှာကို မမှီမကမ်း သူ့လက်နဲ့ ဆွဲကုတ်သည်။

Hobi ကလည်း အံကိုကြိတ်ကာ အောက်ကနေ Jimin ရဲ့ လက်တွေကို အသဲအသန် ဖယ်ထုတ်လျှက်။

နှစ်ယောက်သား ကုတင်အောက်က စောင်ပုံကြားမှာ လုံးထွေးလျှက် Namjoon ကလည်း ဝင်မဖြန့်ဖြေ ကြည့်ကောင်းကောင်းနှင့်သာ ရေးလက်စ သီချင်းကိုတောင် ဘေးချကာ ကြည့်နေသည်။

Jimin - ဘာလဲ ကျွန်တော်က ပုသလောက် ပလီတယ်ဟုတ်လား ရုပ်က မြင်းရုပ်နဲ့ စကားကို မဆင်မခြင် ပြောအုံး

Our Angel Baby Brother (Completed)Where stories live. Discover now