angel part 14

3K 333 40
                                    


Zawgyi


ကောင်းကင် တစ်ခွင်လုံး ကြယ်ရောင်စုံ လင်းလက်ကာ တောက်ပသာယာလွန်းနေသည်။

Jimin - woo ဒီညက ခါတိုင်းညတွေထက် ပိုပြီး လှနေသလိုပဲ

Jhope - ဟုတ်တယ်နော် လပြည့်ရက်မို့ ဖြစ်မယ်....

Jimin - ဟိုကြယ်ကို ကြည်ပါအုံး အရမ်းကိုတောက်ပနေတာ တဖျကဖျက်နဲ့

ကောင်းကင်ကို လက်ညှိုး ထိုးရင်း Jimin ကပြောသည်။

Jhope - ဟုတ်ပ.... အမွှာနှစ်ယောက် မင်းတို့နဲ့ငါ ကြယ်တွေကို ပြိုင်ရေကြမလား

Tae - စိန်လိုက်လေ ကြာသလားလို့ Jimin Ah စရအောင်

Tae က လက်ဖြောက် တစ်ချက်တီးတာ Jimin ကို မျက်စလှမ်းပစ်သည်။

Jimin ကလည်း လုပ်လေဆိုသည့် သဘော။

Tae,Jimin နှင့် Hobi တို့ သုံးယောက်က ကောင်းကင်ကြီးကို မော့ကြည့်ကာ ကြယ်တွေကို ရေတွက်နေကြသလို Namjoon ကလည်း ထိုသုံးယောက်ကို ကြည့်ပြီး ပြုံးကာ ခေါင်းခါနေသည်။

ညီအကိုတွေ အိမ်အပေါ်ဆုံး ခေါင်မိုးထပ်မှာ စုထိုင်ရင်း ကြယ်တွေကြည့်နေကြတာဖြစ်သည်။

Yoongi က သူ့ပေါင်ပေါ်မှာ ခေါင်းလေးတင်ရင်း လှဲအိပ်နေသည့် Kookie ဆံပင်လေးတွေကို သပ်ပေးနေသည်။

Kookie က လက်ကလေးပိုက်ကာ သူ့ပေါင်ပေါ်မှာ ငြိမ်ငြိမ်သက်သက်လေး နေနေသည်။

Kookie ဆံပင်လေးတွေကို သပ်ပေးနေရင်းမှ သူ့စိတ်ထဲမှာ ဒီနေ့မှ တစ်ခုခုကို စိုးရိမ်မိနေသလိုလို.....

အကြောင်းအရင်း ဘာကြောင့် ဆိုတာကိုလည်း အဖြေရှာလို့မရ။

Jin က Tae တို့နှင့် အတူတူကြယ်တွေ ဝိုင်းရေနေရင်းမှာ Yoongi နှင့် Kookie ရှိရာဆီသို့ လျှောက်လာသည်။

Jin - Yoongi ဘာဖြစ်လို့လဲ မျက်နှာလည်း မကောင်းပါလား

Yoongi - ဘားမှ မဖြစ်ပါဘူး Hyung ရဲ့ ဒီလိုပဲ

နှစ်ယောက်သား အသံတိတ်သွားကာ Jin က ကြယ်တွေကို ဆက်ငေးနေသလို Yoongi ကလည်း Kookie ဆံပင်လေးတွေကို သပ်ပေးရင်းနှင့်ပင် ကြယ်တွေကိုသာ ငေးနေလိုက်သည်။

Our Angel Baby Brother (Completed)Where stories live. Discover now