angel part 21 (final)

6.6K 441 50
                                    

Zawgyi



နေရောင်က မနက်ခင်းကို ကျော်လွန်၍ မွန်းတည့်နေ့လည်ချိန်ပင် ရောက်နေပြီဖြစ်သည်။

အတုံးအရုံး အိပ်ပျော်နေကြတဲ့ ညီအစ်ကိုတွေကတော့ အခုထိ မနိုးကြသေး။

Namjoon - အား! ကျွတ်ကျွတ်!

စုပ်တစ်သပ်သပ်ဖြင့် ပထမဆုံးနိုးလာသူက Namjoon ပင်။

နိုးနိုးချင်း ဘေးဘီကို ဝှေ့ကြည့်လိုက်တော့ သကောင့်သားများက အိပ်ပျော်နေကြသည်မှာ ကြမ်းပြင်ပေါ်တွင် ပက်လက်လှန်တဲ့သူရော မှောက်ခုံဖြစ်တဲ့သူရော အားလုံးက အလဲလဲအပြိုပြို။

Jimin ခြေထောက်နှစ်ဖက်ကို အားပါးတရ ဖက်ကာ အိပ်နေသော Hobi ကို အရင်ဆုံး အသာလှုပ်နှိုးလိုက်သည်။

Namjoon - Hobi....Hobi ya ထအုံး....မင်းအလုပ်မသွားဘူးလား....

Namjoon နှိုးလိုက်တာကြောင့် Hobi က တအင်းအင်းတအဲအဲနှင့် မျက်လုံးများပွင့်လာသည်။

မျက်လုံးဖွင့်ဖွင့်ချင်း Jimin ရဲ့ ခြေထောက်နှစ်ဖက်ကို တယုတယ ဖက်ထားတဲ့ သူ့ပုံစံကို သူပြန်မြင်ပြီး မျက်နှာရှုပ်မဲ့လျှက် ထိုခြေထောက်နှစ်ဖက်ကို တွန်းဖယ်လိုက်လေသည်။

Jhope - Omo!! ဝက်ပု!! ငါ့လခွမ်းမှပဲ.....

"ဘုန်း!!!"

"အား!!!....."

Hobi တွန်းလိုက်တဲ့ Jimin ရဲ့ ခြေထောက်နှစ်ဖက်က အရှိန်လွန်ပြီး ဘေးမှာမှောက်လျှက်အိပ်နေတဲ့ Tae ရဲ့ ကျောပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ကျလေတော့သည်။

နားလွန်းလို့ အော်လိုက်သည့် Tae အော်သံကြောင့် Jimin ကိုယ်တိုင်ရော ကျောချင်းကပ် မှီလျှက် အိပ်နေကြသည့် Yoongi နှင့် Jin ပါ နိုးလာခဲ့သည်။

Jimin - ဘာ...ဘာဖြစ်တာလဲ... သရဲလား....

အလန့်တကြား ပြူးတူးပြဲတဲ ဖြစ်နေတဲ့ Jimin ခေါင်းကို Hobi က ဒေါက်ခနဲ ခေါက်လိုက်ရင်မှ....

Jhope - ဘာထဖြစ်တာလဲ အခုမှ.....ဆပ်ပြာသည်လင်ပျောက်တာကျနေတာပဲ.....ဘာသရဲမှမဟုတ်ဘူး....မင်းဘေးက မျောက်အော်လိုက်တာ.....

Jimin - ဟင်!!

Hobi ပြောလိုက်တာကြောင့် Jimin ဘေးကို ကြည့်လိုက်တော့ သူ့ခြေထောက်အောက်မှာ မှောက်ခုံကြီးနှင့် မထနိုင်ဖြစ်နေတဲ့ Tae Hyung။

Our Angel Baby Brother (Completed)Where stories live. Discover now