angel part 20

2.9K 327 50
                                    

Zawgyi


သာယာလွန်းတဲ့ မနက်ခင်း အခါသမယ အချိန်လေးတွင်ဖြစ်သည်။

မနက်ခင်းက သာယာပေမယ့် မသာယာနိုင်သူတွေကတော့ Jin,Namjoon,Yoongi,Hoseok,Jimin နှင့် Tae Hyung တို့ပင်ဖြစ်သည်။

အိမ်ရဲ့အောက်ထပ်ဧည့်ခန်းတွင် ဒူးတုတ်လျှက် ထိုင်နေကြပြီး တစ်ယောက်မှ တုပ်တုပ်မလှုပ်ရဲကြ။

အကြောင်းက ဒီနေ့သူတို့အိမ်တွင် သရဲနှိမ်နင်းဖို့အတွက် နတ်ဆရာခေါ်ထားသောကြောင့် ဖြစ်သည်။

သူတို့၏ အရှေ့တွင်တော့ အနီနဲ့ အဝါကို စပ်ထားတဲ့ အင်္ကျီ ဖားဖား ပြောင်ပြောင်လက်လက်ကြီးကို ဝတ်ထားတဲ့ လူကြီးတစ်ယောက်။

ထိုလူကြီး၏ ပတ်ပတ်လည်တွင်လည်း အဝါရောင် ဖယောင်းတိုင်များကို စက်ဝိုင်းပုံစံ ထွန်းထားသေးသည်။

မျက်စုံကို စုံမှိတ်ကာ တစ်ကိုယ်လုံးကလည်း တုန်ယင်နေလျှက်။

တကယ်တော့ ထိုလူကြီးက တစ်ခြားသူမဟုတ် အိမ်မှာသရဲရှိတယ်ဆိုပြီး နှိမ်နင်းရန်အတွက် Jin ခေါ်လာခဲ့သော နတ်ဆရာပင်ဖြစ်သည်။

ညီအကို ခြောက်ယောင်သာ မျက်တောင်အခတ်စတမ်း တုန်ယင်နေတဲ့ ထိုလူကြီးကိုသာ စိုက်ကြည့်နေကြသည်။

ခဏနေတော့ ထိုလူကြီး၏ ခန္တာကိုယ်တုန်ခါနေတာ ရပ်သွားပြီး မှိတ်ထားတဲ့ မျက်လုံးတွေကလည်း ရုတ်တရက် ပွင့်လာလေသည်။

Jhope - အမလေး!..လန့်ထာ!!!

နတ်ဆရာ - မြင်တာကို ပြောရမလား

လူကြီးက အော်လိုက်တဲ့ Hoseok မျက်နှာကို စိုက်ကြည့်လျှက်ပြောလေသည်။

Hoseok ကတော့ ကြောက်ကြောက်နှင့် ပါစပ်ကလေး ပိတ်သွားလေတော့သည်။

Jin - ပြောပါဆရာ.....ဆရာဘာမြင်လို့လဲဟင်....ကျွန်တော်တို့အိမ်မှာ မကောင်းဆိုးဝါးက တကယ် ရှိနေတာလား....

နတ်ဆရာ - အင်း.....မြင်တာကို ပြောရမယ်ဆိုရင်တော့.....

နတ်ဆရာသ သံရှည်ဆွဲပြီး ပြောလိုက်သည်ကို ညီအကို ခြောက်ယောက်ကလည်း ကိုယ်လေးတွေမတ်ပြီး နားစွင့်နေကြသည်။

Our Angel Baby Brother (Completed)Where stories live. Discover now