{ep:5}

18K 1.4K 1
                                    

'ညီ တစ်ခုခုစားဦးမလား'

ကားပြတင်းပေါက်ကနေအပြင်ကိုငေးနေတဲ့ကောင်လေးကသူ့ဘက်လှည့်လာလေသည်

'မစားတော့ပါဘူးကိုမင်းခန့်ညား'

'နေ့လည်တည်းကဘာမှမစားရသေးဘူးမလား'

ဒီကောင်လေးဟာလေနေ့လည်စာစားချိန်လည်းမစားနဲ့ ကြာရင်တော့ဒုက္ခတွေဖြစ်ကုန်မှာပဲ

'ဟို ကျွန်တော်မဆာလို့ပါရပါတယ်'

'မဟုတ်ဘူးလေကွာတစ်ခုခုတော့စားမှပေါ့ ကိုယ့်သူငယ်ချင်းဆိုင်ကောင်းကောင်းလေးရှိတယ်ညီရဲ့ စားနော်'

'ဟို ကျွန်တော်တကယ်မဆာလို့ပါ'

ကြည့်!လူကိုဆိုအတင်းငြင်းလွှတ်နေတော့တာပါပဲ
သူ့မျက်နှာလေးကြာကြာမြင်ရမလားမှတ်ပါတယ်
ဟူး မင်းတော့မလွယ်ဘူးမင်းခန့်ညားရေ

ဟုတ်တယ်ကျွန်တော်ကိုယ့်ခံစားချက်ကိုရိပ်မိနေတာကြာခဲ့ပြီ ညီ့ကိုအလုပ်နဲ့ပတ်သက်တာတွေသင်ပေးတည်းကသတိထားမိခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ယောက်ျားလေးတစ်ယောက်ကိုမချစ်နိုင်လောက်ပါဘူးဆိုတဲ့အသိကြောင့်ကျွန်တော့်မှာကိုယ့်စိတ်နဲ့ကိုယ်ကိုတော်တော်ပင်ပန်းခဲ့ရသေးတာ

နောက်ပိုင်းညီနဲ့အလုပ်အတူတူတွဲလုပ်တော့မှကျွန်တော်ကိုယ့်ကိုယ်ကိုယ်နားလည်ပြီးလက်ခံနိုင်ခဲ့တယ် ဒီကောင်လေးကိုကျွန်တော်ဘယ်လောက်ချစ်မိနေပြီလည်းဆိုတာကိုပေါ့

တစ်ဆက်တည်းမှာပဲကျွန်တော်ညီဘုန်းမြတ်ကိုအရမ်းအားနာလာပြီးသတိရမိတယ် ကျွန်တော်သူ့ကိုတစ်ခေါက်လောက်တော့ပြန်တွေ့ချင်ပါသေးတယ် သူ့ကိုgayဆိုပြီးပြောဆိုမိခဲ့သမျှကိုတောင်းပန်ခွင့်ရချင်ပါသေးတယ်

လူဆိုတာကလည်းအခက်သား
ကိုယ်တွေ့ကြုံမှကိုယ်ချင်းစာတတ်ကြတာကိုး

'လိုက်ပို့ပေးတာကျေးဇူးပါပဲ'
ကားပေါ်ကဆင်းတော့မယ့်ညီ့လက်ကိုဆွဲထားလိုက်မိတယ်

'ဘာလုပ်တာလဲ'

သူ့လက်ထဲမှအတင်းရုန်းထွက်ပြီးသူ့ကိုစိမ်းစိမ်းကားကားကြည့်နေသောညီ့ကြောင့်ပြောမယ့်စကားတောင်ထွက်မလာတော့

Mistakes!Where stories live. Discover now