{ep:9}

15.1K 1.2K 19
                                    

'ဟင် ညီ'

ကောင်မလေးတစ်ယောက်နဲ့ရယ်မောပြီးShopping Mallတစ်ခုထဲကထွက်လာတဲ့ညီ
ဘာတွေလဲ သူ့ကိုတစ်ခါမှအဲ့လိုအပြုံးမျိုးမစွန့်ကြဲဖူးတဲ့ညီဟာ အခုတော့ကောင်မလေးတစ်ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးပြနေလေရဲ့ ရင်ထဲကဆစ်ခနဲနာလာလေသော်ငြားအကြည့်မလွှဲမိပေ ရယ်နေတဲ့ညီ့မျက်နှာလေးကိုသူမြင်ချင်သေးတယ်

တီ!တီ!!!
အနောက်ကဟွန်းတီးနေတဲ့ကားသံတွေကိုလည်းဂရုမစိုက်နိုင်တော့ တဖြည်းဖြည်းနဲ့ထွက်သွားတဲ့ညီ့ကားနောက်ကိုသာအမီလိုက်မိတော့သည် အနောက်ကကားတစ်စီးလုံးလိုက်လာတာတောင်သတိမထားမိဘူးဆိုတော့တော်တော်ပျော်နေပုံပဲ
တလှိုက်လှိုက်တက်လာတဲ့ရင်ထဲကနာကျင်မှုကအတိုင်းမသိပင်

ညီ့ကားကွေ့သွားတော့သူလည်းလိုက်ကွေ့ရင်းလမ်းကြောင်းကိုကြည့်မိတော့Hotelကိုဦးတည်နေတဲ့လမ်း ညီဘာတွေလုပ်နေတာလဲကွာ!

ခဏကြာတော့ညီ့ကားလေးHotelဝန်းထဲကိုဝင်သွားလေသည် သူမဝင်ဘဲကားပေါ်ကသာလှမ်းကြည့်နေမိသည် ညီနဲ့ထိုကောင်မလေးမှာ ခပ်ပြုံးပြုံးနဲ့၂ယောက်သားဆင်းလာကြပြီးHotelထဲကိုတူတူဝင်သွားလေသည်
ထိုမြင်ကွင်းကိုကြည့်ရင်းသူမျက်ရည်ဝဲလာမိသည်
အဟက် မင်းခန့်ညားဘယ်လိုတွေတောင်ပျော့ညံ့လာပါလိမ့်

သူအချိန်အတန်ကြာတဲ့အထိHotelရှေ့မှာစောင့်နေပေမယ့်လည်းညီပြန်မထွက်လာခဲ့ပါ မဟုတ်လောက်ပါဘူး ဒီတိုင်းအသိတွေနေမှာပါလို့တွေးနေပေမယ့်ညီပြောခဲ့ဖူးတဲ့ချစ်တဲ့မိန်းကလေးဆိုတဲ့စကားကနားထဲကကိုမထွက်နိုင်ပါ

ကိုယ်တော့မင်းကြောင့်နဲ့ရူးနေရပြီညီ
မျက်ရည်တစ်စက်ဟာမဖိတ်ခေါ်ဘဲထိုလူသားရဲ့ပါးပြင်ပေါ်ကိုဖြတ်စီးသွားလေပြီ

'Hello ဟုတ်ကဲ့ကျွန်တော်မနက်ဖြန်လောက်ရောက်အောင်လာခဲ့ပါ့မယ်'
စက်ရုံကပစ္စည်းတွေကိုသွားစစ်ရပေဦးမည်
အခုတလောCindyအရှုပ်ထုပ်တွေကိုလိုက်လုပ်ပေးနေရသေးသည်Shoppingလိုက်ပို့ရတာလည်းခဏခဏ ကောင်မလေးတွေကလည်းကလေးမလေးတွေဆိုတော့နည်းနည်းသွက်သွက်လေးတွေတစ်ယောက်ပြီးတစ်ယောက်လူကိုဟိုလိုက်ပို့ဒီလိုက်ပို့နဲ့ပူဆာနေတော့တာလူကြီးတွေကလည်းကိုယ့်ကိုပဲယုံကြည်စိတ်ချတယ်ဆိုတော့မလုပ်ပေးလို့ကလည်းမကောင်း
ဟူး...ပင်ပန်းတယ်တကယ်

Mistakes!Where stories live. Discover now