{ep:10}

15.5K 1.1K 1
                                    

'ညီ အဆင်ပြေရဲ့လား'

'အင်း'
ညီဘုန်းမြတ်ခေါင်းလေးသာငြိမ့်ပြလိုက်လေသည်

'Sorryညီ ကိုယ်ကားကိုမလာခင်တည်းကသေချာစစ်လိုက်ရမှာ'

ကွပ်ပျစ်လေးမှာထိုင်နေတဲ့ညီ့ဘေးမှာခေါင်းလေးငုံ့ကာထိုင်ပြီးသူ့အမှားလိုပြောနေပြန်တာကြောင့်

'ရပါတယ်ဒီနေ့တစ်နေ့လုံးအလုပ်များနေတာကို ကားဆီထည့်ဖို့သတိမထားမိတာကျွန်တော်နားလည်ပါတယ်'

မင်းခန့်ညားခေါင်းမော့ကာညီ့ကိုကြည့်လိုက်တော့သူ့ကိုပြုံးကာကြည့်နေလေတာကြောင့်သူညီ့အပြုံးလေးကိုမျက်တောင်မခတ်ကြည့်နေမိသည်

ဒါပထမဆုံးပဲ ညီ့ဆီကအပြုံးတစ်ပွင့်ကိုကျွန်တော်ရဖူးတာ သူစိုက်ကြည့်နေလို့ထင်ပါရဲ့ညီ့ရဲ့ပြုံးနေတဲ့နှုတ်ခမ်းပါးလေးကအပြုံးကသိပ်မပီပြင်ချင်တော့ သွေးကြောစိမ်းလေးတွေနဲ့ညီ့ပါးပြင်လေးဟာလည်းအနည်းငယ်နီမြန်းစပြုလာလေသည် ဒါ ညီရှက်နေတာတဲ့လား ကျွန်တော့်ကိုလေ?
ကျောက်ရုပ်တစ်ရုပ်လိုကျွန်တော့်ကိုဆက်ဆံတတ်သောညီ့ရဲ့ရှက်နေတဲ့မျက်နှာလေးကအဲ့လောက်အသည်းယားဖွယ်ကောင်းမှန်းကျွန်တော်မသိခဲ့ရိုးအမှန်ပင်

ညီ မင်းကကိုယ့်ကိုတစ်နေ့ထက်တစ်နေ့ပိုပိုချစ်လာအောင်မျိုးစုံကိုပြုစားနေပါရောလား

'ဟို ကျွန်တော့်မျက်နှာမှာဘာပေနေလို့လဲ'
ညီမလုံမလဲဖြစ်ကာမျက်နှာကိုလက်ချောင်းလေးတွေနဲ့ထိတွေ့ရင်းမေးလိုက်လေသည်

'ဟင်!အဟွတ် ဘာ ဘာမှမပေဘူးညီ'
အဲ့တော့မှသူလည်းလုပ်ချောင်းလေးဟန်ပြဆိုးကာ ညီ့မျက်နှာလေးဆီကအကြည့်အမြန်လွှဲလိုက်ရလေသည် ကြည့်လို့မဝသေးပါဘူးဆို

'အင်း'
သူ့ကိုပြန်ဖြေကာခေါင်းလေးငုံ့ထားတဲ့ညီ့ကြောင့်ပွေ့ဖက်ပြီးဆွဲညှစ်ပစ်လိုက်ချင်စိတ်တွေကတဖွားဖွား ရှက်နေတာလေးကအရမ်းချစ်ဖို့ကောင်းတာပဲ

ကားဆီကုန်သွားတာရောမြို့ပြင်ဘက်ဖြစ်နေတာကြောင့်ရောညဉ့်နက်နေပြီဖြစ်တာကြောင့်ရောနီးစပ်ရာအိမ်တစ်အိမ်မှာအကူအညီတောင်းပြီးညအိပ်ဖို့လုပ်ကာ မနက်ကျမှစက်ရုံကိုဖုန်းဆက်ပြီးအကူအညီတောင်းရတော့မည်
သဘောကောင်းတဲ့အိမ်ရှင်တွေနဲ့တွေ့လို့တော်သေးတယ်လို့ပဲပြောရမယ်

Mistakes!Where stories live. Discover now