{ep:13}

14.7K 1K 2
                                    

'အင်း...'

မင်းခန့်ညား အနည်းငယ်မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းကိုကိုင်လိုက်ရင်း မျက်လုံးတွေကိုအသာဖွင့်လိုက်လေသည် နဖူးပေါ်မှာတင်ထားသောရေစိုဝတ်တစ်ခုနဲ့လက်တစ်ဖက်ကိုဖိထားခံရတဲ့ခံစားချက်ကြောင့် သူခေါင်းလေးစောင်းကာဘေးဘက်ကိုကြည့်လိုက်လေသည်

သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာခုတင်ပေါ်ခေါင်းလေးတင်ပြီးအိပ်ပျော်နေတဲ့ကောင်လေးကြောင့်ခြောက်ကပ်ကပ်နှုတ်ခမ်းတစ်စုံကပြုံးလိုက်မိသည် ခန္ဓာကိုယ်ကိုအနည်းငယ်စောင်းလိုက်တာကြောင့်နဖူးပေါ်မှာတင်ထားတဲ့အဝတ်လေးကဘေးကိုကျသွားလေသည် မင်းခန့်ညားဘေးတိုက်လေးလှဲနေရင်းကတွယ်ယှက်ထားတဲ့လက်တွေကိုပြုံးကာကြည့်လိုက်မိသည် နဖူးပေါ်ဝဲကျနေတဲ့ဆံစလေးတွေကိုသပ်ပေးမိတော့အိပ်ပျော်နေတဲ့ကောင်လေးဟာလှုပ်လီလှုပ်လဲ့နဲ့နိုးလာလေသည်

ညီဘုန်းမြတ်မဖွင့်ချင်သေးတဲ့မျက်လုံးတွေကိုပွတ်သပ်ရင်းအတင်းအားယူကာဖွင့်လိုက်သည် မျက်လုံးဖွင့်ဖွင့်ချင်းမှာမြင်လိုက်ရတဲ့ကိုယ့်ကိုပြုံးပြီးကြည့်နေတဲ့ဖြူဖပ်ဖြူရော်မျက်နှာတစ်ခုကြောင့်

'ဟင် ကိုမင်းခန့်ညားသတိရပြီလား'
ညီဘုန်းမြတ် မင်းခန့်ညားရဲ့နဖူးကိုစမ်းကာမေးလိုက်လေသည်

'သက်သာရဲ့လား'
နဖူးပေါ်မှာလက်လေးတင်ထားရင်း စိုးရိမ်စွာမေးလာတဲ့ကောင်လေးကြောင့်မင်းခန့်ညားတစ်ကိုယ်လုံးကိုက်ခဲကာနေမကောင်းဖြစ်နေတာတောင် ပျောက်ချင်သလိုလိုဖြစ်သွားရသည်

'အင်း'
သူ ညီကိုင်ထားဆဲဖြစ်တဲ့လက်လေးတစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းကနေပြန်ဖြေလိုက်တော့ညီကထိုလက်တွေကိုငုံ့ကြည့်လာသည် ပြီးတော့သူ့ကိုပြန်ကြည့်လာလေသည်

'ကျွန်တော်ဆန်ပြုတ်ဖြစ်ဖြစ်သွားလုပ်လိုက်ဦးမယ်ဆေးမသောက်ခင်တစ်ခုခုစားမှဖြစ်မယ်'
ပြောရင်းလက်ကိုရုန်းလာတဲ့ညီ့ကြောင့်

'ခဏလေး ဒီတိုင်းကိုယ့်ဘေးနားမှာခဏလေးနေပေးလို့ရမလားညီ'
အားမရှိတဲ့အသံဖျော့ဖျော့ကထွက်လာလေတာကြောင့်ညီဘုန်းမြတ်သက်ပြင်းဖွဖွကိုချကာခေါင်းလေးငြိမ့်ပြလိုက်မိသည်

Mistakes!Where stories live. Discover now