{ep:20}

13.2K 810 19
                                    

'ညီ'

'ဟင်'
Designစာရွက်တွေနဲ့အလုပ်ရှုပ်နေတဲ့ကောင်လေးဟာသူ့ကိုပြန်မကြည့်နိုင်ဘဲအရောင်တွေခြယ်နေရင်းကပြန်ထူးလာလေသည်

'ပြောလေ ဘာပြောစရာရှိလို့လဲ'
အပြုံးလေးနဲ့လူကိုတစ်ချက်ကြည့်ကာပြောလာတာကြောင့်ခေါင်းခါပြကာစားပွဲပေါ်မေးတင်လိုက်ရင်းအလုပ်လုပ်နေတဲ့ညီ့မျက်နှာလေးကိုသာငေးကြည့်နေလိုက်သည် ပြီးမှပဲပြောပါတော့မယ်လေသူ့ကြောင့်ညီအလုပ်ပျက်နေပါလိမ့်မယ်

'အိပ်တောင်ပျော်သွားပြီပဲ'
ညီပြုံးရင်းအရောင်ခြယ်လို့ပြီးသွားတဲ့designစာရွက်တွေကိုစီကာfileထဲပြန်ထည့်ရင်းခေါင်းလေးစောင်းကာအိပ်ပျော်နေပြီဖြစ်တဲ့သူ့ဘေးနားလေးကိုပြောင်းထိုင်လိုက်လေသည်

'အလုပ်တွေပင်ပန်းနေမှာကိုမနားဘဲနဲ့'

သူ့ပါးပြင်ကိုခပ်ဖွဖွပွတ်သပ်မိ၏ အခုတလောအလုပ်တွေအရမ်းရှုပ်နေကြတာမို့တွေ့ချိန်တောင်သိပ်မရှိ နောက်အပတ်မင်္ဂလာဆွမ်းကျွေးမတိုင်ခင်အလုပ်တွေအပြီးဖြတ်နေသည်မို့၂ယောက်လုံးကိုယ့်အလုပ်နဲ့ကိုယ် ဒါတောင်အလုပ်တွေပြီးတာနဲ့နေ့တိုင်းနေ့တိုင်းကိုယ့်အလုပ်ထိလာတွေ့ပေးသောသူ့ကိုအားနာရသလိုအချစ်လည်းတိုးရလေသည် ညီ့မျက်နှာမြင်ရရင်ပင်ပန်းတာတွေဘယ်နားရောက်သွားမှန်းမသိဘူးဆိုပြီးပြောတတ်လွန်းတဲ့သူ့ကြောင့်ဘယ်လိုအင်အားနဲ့သူ့ကိုလာမတွေ့ဖို့ပြောရက်မလဲ

ကောင်းကောင်းအိပ်စက်ပါငါ့ချစ်သူလေး
နဖူးကိုခပ်ဖွဖွနမ်းရင်းသူ့မျက်နှာကိုပြုံးကာကြည့်နေမိသည်
သူတင်မဟုတ် ကျွန်တော်လည်းသူ့မျက်နှာကိုမြင်ရရုံနဲ့ရှေ့ဆက်ဖို့အားတွေရလာတယ်ဆိုတာသူသိနိုင်ပါ့မလား

'ညီ လက်ဖြန့်'

'ဟင် ဘာလုပ်ဖို့လဲ'

'ဖြန့်ပါဆို'
ကလေးဆန်ဆန်နှုတ်ခမ်းကြီးထော်ကာပြောလာတာကြောင့်ညီဘုန်းမြတ်ခေါင်းလေးခါကာရယ်လိုက်ရင်း

'အင်းပါ ဖြန့်ပါ့မယ် ဘဲနှုတ်ခမ်းကြီးတော့မလုပ်ပြပါနဲ့ဗျာ'

'ညီနော်အဲ့ဘဲနှုတ်ခမ်းကြီးနဲ့နမ်းလိုက်ရ လက်ဖြန့်ဆို'

'အင်းပါ'
လက်ဖဝါးလေး၂ခုကိုဖြန့်ကာသူ့ကိုကြည့်လိုက်တော့ခပ်ဖွဖွလေးပြုံးကာလူကိုစိုက်ကြည့်ရင်း

Mistakes!Where stories live. Discover now