{ep:12}

14.8K 1K 2
                                    

'Mommy!'
အိမ်ထဲဝင်ဝင်ချင်းတွေ့လိုက်ရတဲ့အမေဖြစ်သူကြောင့်ညီဘုန်းမြတ်တစ်ယောက်အမေ့ရင်ခွင်ထဲကိုတိုးဝင်မိလေတော့အမေကသူ့ကိုပွေ့ဖက်ကာဆံပင်လေးတွေကိုသပ်ပေးလာသည်

'သားငယ် ပိန်သွားသလိုပဲ'

'အင်း သားကMommyကိုလွမ်းနေတာ'
မတွေ့ရတာကြာပြီဖြစ်တဲ့အမေဖြစ်သူကိုချွဲ့နွဲ့ကာပြောမိတော့Mommyကနှစ်ခြိုက်စွာပြုံး၏

'Mommyကလေးလေးကိုတစ်ယောက်ထဲပစ်ထားမိတယ် အလုပ်တွေကအရမ်းပင်ပန်းလားသားငယ်'
ပူပန်စွာမေးလာတဲ့Mommyစကားကြောင့်ညီဘုန်းမြတ်အမေ့ရင်ခွင်ထဲကနေထွက်လိုက်ကာအမေဖြစ်သူကိုကြည့်ရင်းအပြုံးလေးနဲ့

'မပင်ပန်းပါဘူးMommyရဲ့သားအဆင်ပြေပါတယ်'
သူပြန်ဖြေတော့အမေကသူ့ကိုပြုံးကာကြည့်လာလေသည်

'ဒါနဲ့Mommyတစ်ယောက်တည်းလား မနက်ဖြန်မှCindyတို့နဲ့လာမယ်ဆို'

'ဟုတ်တယ်သားငယ်ရဲ့Cindyယောက်ျားကဟိုမှာအလုပ်ကိစ္စတွေပေါ်လာလို့မလိုက်ဖြစ်တော့ဘူးဆိုလို့Mommyပဲလာခဲ့လိုက်တော့တာ'

'ဟာMommyကလည်းသားကိုမပြောဘူး သားလာကြိုမှာပေါ့'

'သားကဒီနေ့Product showရှိတယ်မလား Mommyလည်းငါ့သားငယ်ရဲ့ပွဲကိုအမီလာတာပဲ flightနည်းနည်းdelayဖြစ်သွားလို့'

'အင်းပါ ဟီး ပျော်လိုက်တာMommyလာပြီကွ'
ကလေးလေးတစ်ယောက်လိုအမေကိုဖက်ကာအော်ဟစ်နေသောသူ့ကိုကြည့်ကာMommyကတော့ရယ်နေလေရဲ့
ငယ်ငယ်တည်းကအမေ့လက်ပေါ်မှာပဲကြီးပြင်းလာခဲ့ရတဲ့သူ့အတွက်အမေသည်သာသူ့အတွက်အားကိုးရာလေးစားရာရင်ဖွင့်ရာ သူ့အတွက်Heroတစ်ယောက်ပင်

'သားငယ်မအိပ်သေးဘူးလား'
ညီဘုန်းမြတ်တစ်ယောက်laptopကိုပေါင်ပေါ်တင်ကာ ဒီနေ့Showပွဲကိုပြန်ကြည့်နေတုန်းကြားလိုက်ရတဲ့Mommyအသံကြောင့်အခန်းဝကိုကြည့်လိုက်ရင်း

'ဟုတ်Mommyသားခဏနေရင်အိပ်တော့မှာ'

'အင်း အင်းအဲ့ဒါဆိုMommyအိပ်တော့မယ် ညဉ့်နက်အောင်မနေနဲ့နော်ကလေး'

'ဟုတ်Mommy Good Night'

'Good Nightသား'
အခန်းတံခါးလေးပိတ်သွားမှကြည့်နေတဲ့video fileလေးကိုplayပြန်လုပ်ရင်းကြည့်နေမိလေသည်
တစ်နေ့လုံးပင်ပန်းထားသော်ငြားလူကအခုထိမအိပ်ချင်သေးတာကြောင့်သူကြည့်နေမိခြင်းပင် Modelတွေရဲ့လျှောက်လမ်းပေါ်ကပုံတွေကိုပြနေရင်းနဲ့ရုတ်တရက်ကိုယ့်ဘက်လှည့်ကာရိုက်ထားပုံရတဲ့videoထဲကမြင်ကွင်းတစ်ချို့ကြောင့်ညီဘုန်းမြတ်အကြောင်သားလေးဖြစ်သွားရသည် ဘယ်တုန်းကရိုက်ထားမှန်းသူမသိပါ

Mistakes!Where stories live. Discover now