Mistakes!*Final*

21.9K 949 12
                                    

အချိန်အတန်ကြာမှိတ်ထားမိတဲ့မျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားမိတော့ခုတင်ဘေးကမီးအိမ်ရဲ့အလင်းရောင်ကြောင့်မျက်မှောင်တွေကိုတွန့်ချိုးလိုက်မိသည်

အခန်းတစ်ခန်းလုံးနာရီသံတဂျက်ဂျက်ကလွဲလို့တိတ်ဆိတ်လျက် ဝါကျင့်ကျင့်မီးအိမ်ရဲ့အလင်းတစ်ခုကသာအခန်းတွင်းမှာကြီးစိုးနေသည်

မောပန်းနေသေးသည် ခုန်လှုပ်နေဆဲရင်ကိုလက်နဲ့ဖိရင်းဘေးတစ်ဖက်မှာအိပ်မောကျနေတဲ့သူ့ဘက်ကိုကိုယ်ကိုစောင်းရင်းသူ့မျက်နှာကိုငေးကြည့်လိုက်မိသည်
ချစ်တယ် သူ့ရဲ့မျက်နှာကိုခပ်ဖွဖွထိလိုက်ရင်းနှုတ်ခမ်းအစုံကကော့တက်လျက်ပြုံးမိပြန်သည်

ကုတင်ဘေးမှာကျနေတဲ့bathrobeအဖြူကိုကောက်ဝတ်လိုက်ရင်းသူနိုးမှာစိုးတာကြောင့်ကုတင်ပေါ်ကဖြေးဖြေးလေးထလိုက်ပြီးကုတင်ဘေးကဖွင့်ထားတဲ့ပြတင်းပေါက်ဆီသို့ခြေလှမ်းတွေကိုဦးတည်လိုက်သည်

အချိန်အခါမဟုတ်ရွာထားတဲ့မိုးကြောင့်ပြတင်းပေါက်ကနေတိုးဝင်လာတဲ့လေနုအေးနဲ့အတူမြေသင်းနံ့လေးကိုပါရလိုက်တာမို့သူထပ်ပြုံးမိပြန်သည် ဒီတစ်နေ့လုံးသူပြုံးနေမိပါရောလား
လေနုအေးလေးများသည်bathrobeတစ်ထပ်တည်းသာဝတ်ထားတဲ့အနည်းငယ်လစ်ဟနေတဲ့ရင်အစုံသို့ ရဲတင်းစွာတိုးဝင်လာနေပြန်တာကြောင့်ချမ်းစိမ့်စိမ့်ပင်ဖြစ်လာသလို

ရုတ်တရက် ခါးကိုရစ်ပတ်လာတဲ့လက်တစ်စုံ

'ဟင် အိပ်နေတာမဟုတ်ဘူးလား'
ပခုံးပေါ်ကိုမေးတင်ကာမျက်လုံးများမှေးမှိတ်ထားတဲ့ကျွန်တော်ချစ်ရသူ

'အင်း ညီထသွားလို့'
အိပ်ချင်မူးတူးနဲ့ပြောနေတဲ့သူ့အသံကြောင့်ပြုံးမိပြန်သည် တကယ်ပဲကလေးလည်းမဟုတ်ဘဲ

'အင်းညီခုနကလေးတင်နိုးလာတာဒီနေရာလေးကလေတိုက်လို့'

'လေတိုက်တယ်ဆိုပြီးအကြာကြီးမနေနဲ့လေညီရဲ့အအေးပတ်မယ်'
ပြောရင်းနဲ့လူကိုပိုတင်းကျပ်စွာသူ့ရင်ခွင်ထဲမှာဖက်ထားပြန်သည် ဒီလောက်နွေးတဲ့ရင်ခွင်တစ်ခုလုံးရှိနေတာကိုညီကဘာဖြစ်ရမှာလဲ

Mistakes!Where stories live. Discover now