{ep:11}

15.2K 1.1K 3
                                    

'ကိုခန့်မတွေ့ရတာတောင်ကြာပြီနော်'

ပွဲလာတဲ့သူတွေကိုနှစ်ယောက်သားနှုတ်ဆက်နေရင်းကမင်းခန့်ညားလက်မောင်းကိုဖက်ကိုင်ကာတရင်းတနှီးစကားဆိုနေတဲ့ထိုမိန်းကလေးကိုညီဘုန်းမြတ်ကြည့်လိုက်မိသည်

'အင်းမတွေ့ရတာကြာပြီမာယာ'

'ဒီကလွမ်းနေတာရယ် ကိုခန့်တို့များနေနိုင်တယ်တကယ်ပဲ'

ခပ်ချွဲချွဲလေးပြောလာတဲ့ထိုမိန်းကလေးကိုမပြုံးချင်ပြုံးချင်အပြုံးကြီးနဲ့ပြုံးပြနေရင်းကကိုယ့်ဘက်ကိုလှည့်ကာမချိပြုံးလေးပြုံးပြနေတဲ့ထိုလူကြီးကြောင့်ညီဘုန်းမြတ်မျက်နှာထားတည်တည်နဲ့ပင်မျက်နှာလွှဲလိုက်လေသည် အဲ့တစ်ယောက်နဲ့ဘာတွေဇယားရှုပ်ထားလဲမှမသိတာ

သူ့လက်မောင်းကိုဖက်ကာစကားတွေတတွတ်တွတ်ပြောနေတဲ့မာယာ့ကြောင့်သူတော်တော်စိတ်ကျဉ်းကျပ်လှပါသည် ရုန်းကာဖယ်ပစ်ချင်ပေမဲ့မိန်းကလေးဖြစ်နေတော့အတင်းကာရောဖယ်လို့ကလည်းမကောင်း စိတ်မပါဘဲနဲ့ပြုံးပြနေရတာကတစ်လုပ် ညီတစ်မျိုးထင်သွားမှာစိုးပြီးညီ့ကိုကြည့်မိတော့လည်းမသိချင်ယောင်ဆောင်ကာမျက်နှာလွှဲသွားတာမို့သူတကယ်ကိုစိတ်ညစ်သွားရသည် ကျစ်!ညီကတော့သူ့ကိုပွေရှုပ်တဲ့သူလို့ထင်သွားတော့မှာပဲ မဖြစ်ပါဘူး

'ဟို မာယာ Showကစတော့မှာအထဲဝင်နှင့်လေ ကိုယ်ကဧည့်သည်တွေကိုနှုတ်ဆက်ရဦးမှာမို့လို့ ပြီးမှလာခဲ့မယ်နော်'

'အင်း အဲ့ဒါဆိုမာယာဝင်နှင့်လိုက်တော့မယ်'
သူခေါင်းတစ်ချက်သာငြိမ့်ပြလိုက်လေသည် သူ့ကိုပြုံးပြကာအမည်းရောင်ဂါဝန်အရှည်ကိုအနည်းငယ်မကာကြွကြွလေးခန်းမထဲဝင်သွားတဲ့မာယာ့ကိုကြည့်ပြီးသက်ပြင်းခိုးချလိုက်မိသည်

ဟူး သူလုပ်တာနဲ့ပဲ ညီတော့ကျွန်တော့်ကိုတစ်မျိုးထင်သွားပြီထင်တယ် ညီ့မှာချစ်ရတဲ့မိန်းကလေးရှိတယ်ဆိုပါစေဦးဘယ်သူမဆိုကိုယ်တကယ်ချစ်ရတဲ့သူရှေ့မှာတော့ကောင်းကောင်းမွန်မွန်လေးနေပြချင်တာလူရှုပ်လူပွေတစ်ယောက်လို့အထင်မခံချင်တာသဘာဝပဲလေ

'ညီ ကိုယ်'

'ဪUncleတို့ရောက်လာပြီလား'
သူစကားပြောဖို့ပြင်တုန်းရှိသေးရောက်လာတဲ့Shareဝင်တွေကိုနှုတ်ဆက်နေတဲ့ညီ့ကြောင့်ကိုယ်ပါနှုတ်ဆက်ရင်းနေရာစီစဉ်ပေးရတာနဲ့ပဲညီ့ကိုစကားလေးတစ်ခွန်းတောင်မပြောလိုက်ရပါ

Mistakes!Where stories live. Discover now