Episode 3

11K 1K 7
                                    

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

သင်းပျံ့သောကော်ဖီနံ့သည် လေထုထဲလိုက်ပါ ပျော်ဝင်လျက်ရှိနေ၏။ သွယ်လျသော လက်ချောင်းများသည် ကျွမ်းကျင်ပိုင်နိုင်စွာ ကော်ဖီစက်များကို စနစ်တကျကိုင်တွယ်နေသည်။ လွန်ခဲ့သောတစ်နှစ်အတွင်း BaekHyun အချိန်ပိုင်းအလုပ်လုပ်သော ကော်ဖီဆိုင်လေးသည် အမြဲလိုလို ဧည့်သည်များဖြင့်ပြည့်နှက်နေတတ်၏။

နဖူးပေါ်မှဒဏ်ရာအား လူအများမတွေရန် အတတ်နိုင်ဆုံးသာ ခေါင်းကိုငုံ့လျက် ဖျော်နေသောကော်ဖီပေါ်တွင် အာရုံစိုက်ထားလိုက်သည်။

"BaekHyun..အမှိုက်အိတ်လေး
သွားပစ်ပေးပါဦး"

"ဟုတ်ကဲ့သူဌေး"

အမဲရောင် ပလတ်စတစ်အိတ်အကြီးကြီးအား မနိုင်မနင်းသယ်ကာ ဆိုင်ရှေ့ ပလက်ဖောင်းတစ်ဖက်ထိ ကူးလာပြီး အမှိုက်လာသိမ်းသောကားပေါ်သို့ သွားပစ်လိုက်သည်။ တစ်ဖက်လမ်းသို့ ပြန်ကူးရန်စောင့်နေချိန် bus ကားဂိတ်ထဲမှ မိန်းကလေးနှစ်ယောက်၏ စကားများကို တစွန်းတစနားစွင့်လိုက်မိ၏။

"Park ChanYeol လက်ထပ်မယ့်
ကောင်လေးက ၁၉ နှစ်ပဲရှိသေးတယ်တဲ့။
သူတို့နှစ်ယောက်အသက်က ၁၄ နှစ်လောက်
ကွာတယ်။ ကောင်လေးဘယ်သူလဲတော့
မပြောထားဘူး။ မင်္ဂလာပွဲကိုလဲ media တွေ
တစ်ယောက်မှတတ်ခွင့်မရှိဘူးတဲ့"

"ဘာတွေပေးထားလို့ ဟိုကတရားဝင်
လက်ထပ်ယူလဲမှမသိတာ။ ပိုင်းလုံးလုပ်တယ်
ဆိုတာလဲအလကားတော့လုပ်မရဘူးလေ
သိတယ်မလား?အနည်းဆုံးတော့
အတူနေပြီး အထိအတွေ့ကိုစွဲလမ်းအောင်
လုပ်ယူရတာ..ရွံစရာကြီးပါဟာ"

"ကောင်မစုတ်။
နင်ကသိလှချည်လား?"

ရယ်ရယ်မောမောဖြင့် ပေါ့ပျက်ပျက်ပြောလိုက်သော စကားတစ်ခွန်းသည် လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်နိမ့်ကျသွား စေလဲဆိုတာကို ခေတ်ပညာတတ် မိန်းကလေးနှစ်ယောက် တကယ်ပဲမသိတာလား။ ဘယ်ချိန်ထဲက ကျဆင်းနေမှန်း မသိသည့် မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း ထိုနေရာမှ ပြေးထွက်လာခဲ့လိုက်သည်။

ဖြူစင်သောချစ်သူWhere stories live. Discover now