Episode 13 (Extra)

11.7K 944 74
                                    

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

ကုမ္မဏီနှစ်ပတ်လည်နေ့ အခမ်းအနားများအား ကိုယ်တိုင် ကြီးကြပ်ပြင်ဆင်နေရသည်မို့ ChanYeol အိမ်မပြန်ဖြစ်တာ ၂၄ နာရီပင်ကျော်နေပီဖြစ်သည်။ နေ့နေ့ညညအလုပ်ရော အခမ်းအနားအတွက်ပါ ခေါင်းထဲထည့်ထားရသည်မို့ ပင်ပန်းလွန်းနေပီ။ ကိုယ်တိုင်မောင်းနေကျကားကိုပင် မောင်းချင်စိတ်မရှိလောက်အောင် ဖြစ်နေပီမို့ အတွင်းရေးမှူးကိုမောင်းခိုင်းကာ ကားနောက်ခုံပေါ် ခေါင်းတင်မှေးကာ လိုက်လာရ၏။

MiYeol ကိုသတိရမိတာမို့ လက်ကနာရီကိုပြာပြာသလဲ ကြည့်လိုက်တော့ နေ့လယ် ၁:၃၀ တိတိ။ ကျောင်းမှာရှိနေဦးမည့် သမီးဖြစ်သူကြောင့် စိတ်အေးသက်သာစွာပြန်မှေးမယ်ကျန်တုံး သတိရလိုက်မိတာ 'သား'။

ဘောင်းဘီအိတ်ထဲကဖုန်းကိုအမြန်ထုပ်ကာ တစ်ယောက်သောသူလေးထံသို့ ခေါ်ဆိုလိုက်လျှင်ပဲ..။

-- ဟုတ်ကဲ့ ဦး --

"BaekHyun..သားကိုဘယ်မှာထားတာလဲ?"

လွန်ခဲ့တဲ့တစ်နှစ်ခန့်က စာရေးတဲ့အလုပ်ကို စလုပ်ဖြစ်ခဲ့သော BaekHyun သည် ယခုအချိန်မှာတော့ အတော်သင့်နာမည်ရနေပီဖြစ်သည်။ ယခုလဲ နေ့လယ် ၂:၀၀ တိုက်ရိုက်လွှင့်မည့် KBS ရုပ်သံဌာန အင်တာဗျုးအစီစဉ်အတွက် အလုပ်ရှုပ်နေပီဖြစ်တာကြောင့် အိမ်မှာကျန်ခဲ့မည့်ကလေးကို စိတ်ပူကာ မေးလိုက်ရခြင်းပင်။

-- Yoora noona လာခေါ်သွားတယ် ဦး.. ကျွန်တော် ရိုက်ကူးရေးပီးတာနဲ့ ဝင်ခေါ်လိုက်မယ် --

သား ရှိနေရင် ChanYeol အေးအေးဆေးဆေးနားလို့ ရမည်မဟုတ်တာကြောင့် BaekHyun အလိုက်တသိလေးပြန်ဖြေလိုက်သည်။

"အင်းအင်း..ဒါဆိုဖုန်းချလိုက်တော့မယ်။
ရိုက်ကူးရေးသေချာလုပ်"

-- ဟုတ်ကဲ့ ဦး .. အိမ်မှာတွေ့မယ်နော် --

ဖုန်းချလိုက်ပီး ChanYeol ပြန်မှေးနေလိုက်သည်။ အရှိန်မှန်မှန်ဖြင့်သွားနေသော ကားလေးကတော့ သူတို့ရဲ့ အိမ်လေးကိုဦးတည်လျက်~။

ဖြူစင်သောချစ်သူWhere stories live. Discover now