Episode 12

16.2K 1.1K 53
                                    

*•ဖြူစင်သောချစ်သူ•*
ChanYeol
BaekHyun
Yaoi
••~••~••~

"papa ~~
ဟင့်.. papa ကလဲ.."

BaekHyun ကုတင်ပေါ်လှဲအိပ်နေသည်ကို အတင်းကိုယ်ပေါ်တတ်ကာ အင်္ကျီတွေကိုဆွဲပြီး ပူဆာနေသော သမီးကြောင့် ရယ်ရအခက် ငိုရလဲအခက်ဖြစ်နေသည်။ ပုံမှန်ချိန်ဆို တခြားကလေးတွေလို ငယ်ငယ်ထဲက သိပ်မပူစာတတ်ပေမယ့် အခုတော့ အရင်ကနဲ့ မတူစွာပင် အတင်းကိုလိုက်ပူဆာနေတော့သည်။

မနက်ထဲက နေမကောင်းတွေ ဖြစ်ကာ ခေါင်းကိုက်နေသည်မို့ သမီးစားဖို့ကိုယ်ပင် ခါတိုင်းလို ကိုယ်တိုင်မလုပ်နိုင်ပဲ အဒေါ်ကြီးနဲ့လွှဲထားရတာ..။ အချိန်ရှိတုန်းလေး အိပ်မလို့ ပြင်နေတုံး အခန်းထဲအတင်းဝင် ဗိုက်ပေါ်တက်ခွထိုင်ကာ ဂျီကျနေသော သမီးကြောင့် အိပ်လို့လဲဖြစ်တော့မည်မထင်။

"papa က မီးမီးကို
မချစ်ဘူးလား?"

ကျောလည်ထိရှည်လျားသည့် အညိုရောင်ဆံနွယ်လေးတွေကို လှုပ်ယမ်းပြီး ချစ်စရာကောင်းအောင် အမျိုးမျိုးလုပ်ပြနေသော သမီးကြောင့် BaekHyun မျက်နှာထက် အလိုလို အပြုံးတို့ ပေါ်ပေါက်လာရတော့သည်။ မျက်ပြူးလေးတွေကလဲ ဦးနဲ့တူတယ်.. နှုတ်ခေါင်းလုံးလေးကလဲ ဦးကိုတူတယ်.. နားရွက်ကားကားလေးတွေကလဲ ဦးကိုတူတာပဲ.. နှုတ်ခမ်းပါးလေးကတော့ ကျွန်တော့်ကို တူတာဖြစ်လိမ့်မည်။

ကျွန်တော်နဲ့ ဦးရဲ့ သွေးသားတွေက ဖြစ်လာတဲ့ သမီးကို အရင်ကတော့ တကယ်မလိုချင်ခဲ့တာ ဝန်ခံပါ၏။ ကိုယ်တိုင်ငယ်သေးသည့် အချိန် ကလေးတစ်ယောက်ကို မိဘနေရာကနေ ဘယ်လိုမှ ဆုံးမသွန်သင်နိုင်မည်မဟုတ်ဘူးလို့ ထင်ခဲ့မိ၏။ တကယ်လဲ သမီးလေး ကျွန်တော့်တို့ ဘဝထဲကိုရောက်လာတော့ စိုးရိမ်ခဲ့သမျှအတွေးတို့သည် အစနတောင်ရှာမရပဲ အကောင်းဆုံးဆိုတာတွေဖြင့်သာ သမီးဘဝပြည့်နှက်နေအောင် ဘာတွေလုပ်ပေးရမလဲဆိုသည့် အတွေးတို့သာရှိတော့သည်။

တကယ်တော့ သမီးကို စောင့်ရှောက်ဖို့ ကျွန်တော်တစ်ယောက်ထဲ မဖြစ်နိုင်ဘူးမလား..။
ဦးရှိလို့သာ ကျွန်တော်အခုလို ရပ်တည်နေနိုင်သည်ဟု ထင်သည်။ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ စကား တစ်ခါမှမပြောဖူးပေမယ့်သမီးကိုတော့ တုန်နေအောင်ချစ်တဲ့ ဦးကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ရတော့မယ်ထင်ပါရဲ့။

ဖြူစင်သောချစ်သူWhere stories live. Discover now