သည်းထဲစွာရွာနေသည့် မိုးရေထဲ ကားကို ဂရုတစိုက်မောင်း ရင်း ChanYeol သက်ပြင်းချ နေမိတာ အခါခါ။ အရှေ့ကိုပင် သည်းသည်းကွဲကွဲ မမြင်ရအောင် ရွာနေသည့် မိုးကိုပဲ အပစ်တင်ရမလား… အလုပ်ကိစ္စ အစည်းအဝေးအပြီး ဂျူနီယာတွေနဲ့ သွားသောက်နေ မိတဲ့ ကိုယ့်ကိုကိုပဲ စိတ်တိုရမလားဆိုတာ တောင်မသိ တော့ပေ။
'BaekHyun ခွဲခန်းထဲဝင်သွားပြီ' ဆိုပြီး ဖုန်းဆက်ပြောလာ တဲ့ အမေ့အသံအဆုံး ခြေမကိုင်မိ လက်မကိုင်မိတွေပါ ဖြစ်မိသည်အထိ။
နံနက်ကဆေးရုံပေါ်မှာ နံနက်စာစားနေတုံး အလုပ်ကိစ္စ အစည်းအဝေးသွားစရာ ရှိတယ်ပြောတော့ ငယ်သွားတဲ့ ကောင်လေးရဲ့မျက်နှာဟာ အတွေးထဲပေါ်ပေါ် လာသည်။ သူ့ကိုမသွားပါနဲ့ လို့လဲ မတားရှာပဲ မျက်နှာ ငယ်ဖြင့်သာ လိုက်ကြည့်နေခဲ့တာလေ။
အဲ့မျက်နှာလေးကို မြင်ယောင်မိတော့ ကားကို အရှိန်ပိုမြှင့်ကာ မိုင်ကုန်မောင်းမိ၏။ မီးပွိုင့် ဘယ်နှစ်ခုတွေ ဖြတ်နေမိလည်း ဆိုတာ အခုချိန် ဂရုမစိုက် နိုင်တော့။
ကားကို ဆေးရုံပါကင်မှာတောင် မထိုးနိုင်ပဲ တွေ့တဲ့ နေရာ ထိုးရပ်ကာ ဝရုန်းသုန်းကား ပြေးလွှားပြီး ခွဲစိတ်ခန်းကို ဦးတည်လိုက်သည်။ လမ်းမှာ တိုးတိုက် မိတဲ့ သူနာပြုတွေ လူနာစောင့်တွေကိုပင် အားနာစကား မဆိုနိုင်တော့သည်ထိ။
ခွဲစိတ်ခန်းရှေ့ကိုရောက်တော့ လူနာစောင့်ခုံမှာ ထိုင်နေတဲ့ ကလေးနှစ်ယောက်နဲ့ အမေဖြစ်သူ။
'Daddy!'
သားနဲ့သမီးကပြေးလာပြီး နှုတ်ဆက်တော့ စိုးရိမ်စိတ်ကို ခဏဘေးချိတ်ကာ ပြန်နှုတ်လိုက်သည်။
'aigoo … ခွေးပေါက်လေးတွေ…'
'Daddy… papa လေ daddy ကိုအရမ်းစိတ်ဆိုး နေတယ်'
ကြိုတင်တွေးထားပြီးသား ကိစ္စဆိုပေမယ့် ကလေးတွေစီ ကကြားလိုက်ရတဲ့အခါ ကြက်သီးမွှေးညင်း တောင်ထသွား သည်။ ကိုယ့်အမှားကို သိတာမို့ တောင်းပန်ဖို့က စိတ်ထဲပြင်ဆင်ထားပြီးသား ဆိုပေမယ့် BaekHyun ကိုတော်တော်လေး အားနာစိတ်က ပိုနေသည်။
ကလေးတွေကိုခေါ်ပြီး အမေ့ဘေးသွားထိုင်တော့ မျက်စောင်း ထိုးပြီး ဘုကြည့်ကြည့် ပြန်တော့ ထိုင်ရတာ တောင်ဖင်မဖြောင့်ပြန်။