Episode 9

12.3K 1K 44
                                    

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

ဆိုဖာပေါ်တွင်မျက်နှာချင်းဆိုင်ထိုင်ရင်း BaekHyun ကိုပေါက်ထွက်မတတ်ကြည့်နေသည့် ChanYeol ကြောင့် နာရီဝက်လုံးလုံးကို ခေါင်းကိုငုံ့ထားရသည်။

ဧည့်ခန်းထဲတွင် တိုင်ကပ်ကျွန်းနာရီကြီးမှ စက္ကန့်တို့၏ တတောက်တောက် ရွေ့လျားသံမျှလွဲ၍ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။ လေထုသည်လဲ အနည်းငယ်အေးစက်စက်နိုင်လှသည်။

နာရီဝက်လုံးလုံး မလှုပ်မယှက်ထိုင်နေရသည်မို့ BaekHyun တဖြေးဖြေးညောင်းလာသည်။ ခေါင်းငုံ့ထားရသည်မို့ ဇက်ကျောတွေလဲတတ်လှပြီ။

"ဘာလို့မပြောတာလဲ?"

"မသေချာသေးလို့ပါ"

"မသေချာတာနဲ့ပဲ
မင်းငါ့ကိုမပြောတော့ဘူးလား?
အခုအဒေါ်ကြီးသာ ဒါကိုမတွေ့ရင်
မင်းဘယ်ချိန်ထိဒီတိုင်းဆက်နေ,နေမှာလဲ?"

စားပွဲပေါ်သို့ ပစ်တင်လိုက်သော စစ်ဆေးသည့်အရာတွင် အနီရောင်အမှတ်အသားလေးနှစ်ခုသည် ပြတ်ပြတ်သားသားပေါ်လွင်နေသည်။ ဘာဆိုဘာမှထပ်မပြောတော့ပဲ အသံဆိတ်နေသည့် BaekHyun ကိုလဲသူတော်တော် စိတ်မရှည်ဖြစ်လာရသည်။ ညသန်းခေါင် ဖုန်းဆက်ခေါ်ထားသည့် အမေနဲ့ အစ်မဖြစ်သူသာ အမြန်ရောက်လာဖို့ ဆုတောင်းနေမိသည်။

မကြာလိုက်ပါပဲခြံထဲမှကားသံကိုကြားလိုက်ရသည်။ ထို့နောက် ညဝတ်အကျီင်္ီတွေဖြင့်ဝင်လာကြသော Mrs.Park နှင့် Park Yoora တို့သည် အတော်ပင်ကို့ရို့ကားယားနိုင်လှ၏။

"ChanYeol..
ကလေးကိုဆူနေတာလား?
ငါဒီလောက်မှာထားတာကို"

ချက်ချင်းဆိုသလို BaekHyun ဘေးဝင်ထိုင်ကာ ခေါင်းကို အသာလေးပွတ်ပေးရင်း ချော့ပြောလာသည့် အမေဖြစ်သူကို ChanYeol တအံ့တသြဖြစ်သွားသည်။ ငယ်ငယ်ထဲက ခပ်တည်တည်ဖြင့် ပညာတတ်မိန်းမပြီပြီ သားသမီးအပေါ် သွန်သင်ဆုံးမသည်ကစ ခပ်တည်တည်သာနေခဲ့သော သူမ၊ ချစ်ပြသည့်နည်းလမ်းတောင် တခြားအမေတွေနဲ့မတူပေ။ အစောကြီး လောကကြီးကို နှုတ်ဆက်သွားသည့် အဖေကြောင့် ကြီးမားလှသော ကုမ္မဏီလုပ်ငန်းစုကြီးကိုပင် တစ်ယောက်ထဲ ထိန်းသိမ်းအုပ်ချုပ်ခဲ့သူပင်။

ဖြူစင်သောချစ်သူWhere stories live. Discover now