*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~အိပ်နေသည့်တောက်လျှောက် ဘေးစောင်းအနေအထားဖြင့်သာ နေရသည်မို့ ည ၁:၃၀ ကျော်ကျော်လောက် ညောင်းကိုက်လာသည့်ကိုယ်တခြမ်းကို တစ်ဖက်သို့လှည့်ရန်ပြင်လိုက်သည်။ ခက်တာက အရင်ကလိုမဟုတ်သည့် ခန္ဓာကိုယ်ကြောင့် စိတ်သွားတိုင်းကိုယ်မပါ။ ၈ လကျော်နေပြီဖြစ်သော ဗိုက်ဖြင့်တော့ တစ်ယောက်ထဲ ဟိုလှိမ့်ဒီလှိမ့်လဲမလုပ်ရဲတာလဲ ပါမည်။
ဒီ ၈လအတွင်း ဆေးရုံတတ်ရသည့် အကြိမ်အရေအတွက်သည် ဦးအသက်နှင့်တောင်မျှနေလောက်ပြီ။
ပိုပြီးညောင်းကိုက်ကာ ထုံကျင်လာသည့် လက်မောင်းကြောင့် အကူအညီတောင်းရန် ဦးကို နှိုးလိုက်ရတော့သည်။ အရင်ကလိုဆို ကျွန်တော် အိပ်နေသည့်အချိန် ဘေးမှတောင် ဖြတ်မလျှောက်ရဲ..အခုတော့ အခြေအနေတိုးတတ်လာတယ်ပြောရမလား.. ဒါမှမဟုတ် အလျှော့ပေးလာတဲ့ ဦးကြောင့်ပဲလားတော့မသိ အဆင်ပြေသည်ဆိုတာထက်ပိုလာသည့် ဆက်ဆံရေးမျိုး ကျွန်တော်တို့နှစ်ယောက်ကြား ရှိလာခဲ့ပြီးလေ။
စိတ်အပြောင်းလဲတွေမြန်လာတဲ့ ကျွန်တော့်ကို ဦးက သည်းခံပေးတတ်လာသည်။
ထစ်ခနဲရှိ မှန်ကြည့်ပြီး ငိုတတ်သည့် ကျွန်တော့်ကို ဦးချော့တတ်လာသည်။
စားချင်တာတွေ ပူစာတိုင်း မရ,ရတဲ့နည်းနဲ့ ရအောင် ဝယ်ကျွေးတတ်သေးသည်။အဖေတစ်ယောက်ဖြစ်လာပြီမို့ ပြောင်းလဲပါ့မယ် ဆိုတဲ့ ဦးကတိကို တကယ်တည်ခဲ့ပါ၏။ သို့ပေမယ့် ဒါဟာ ကျွန်တော့်ကို စိတ်ပူလို့လား.. ဒါမှမဟုတ် သမီးကိုပဲစိတ်ပူလို့လားဆိုတာတော့ ကျွန်တော်ခွဲခြားမသိသေးပါဘူး။
ဘာပဲဖြစ်ဖြစ်
ပြောင်းလဲလာပေးတာပဲ
ကျေးဇူးတင်စရာကောင်းနေပြီမို့..။"ဦး .."
အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်နှင့်ပင် အိပ်ချင်မူးတူး ထလာသော ဦးကို ကြည်နူးစွာ ပြုံးကြည့်နေမိသည်။ စိတ်ပူနေတဲ့ မျက်ဝန်းတွေကို သဘောတကျဖြစ်နေမိသည် ကိုလဲ ဝန်ခံပါ၏။