Episode 4

13.2K 986 28
                                    

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

"မိတ်ကပ်တွေအထူကြီးမလိမ်းနဲ့"

လေအေးပေးစက်သံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသော ဟိုတယ်ခန်းအတွင်း၌ ChanYeol အသံသည် ခပ်ကျယ်ကျယ်ထွက်လာသည်။ မင်္ဂလာပွဲမတိုင်ခင် ပြင်ဆင်မှုများကို ဟိုတယ်ခန်းငှားကာ ပြင်ဆင်နေခြင်းဖြစ်ပြီး BaekHyun အား မိတ်ကပ်လိမ်းချယ်ပေးနေသော ကောင်မလေးအား သတိလှမ်းပေးလိုက်ခြင်းဖြစ်သည်။

သွေးကျောလေးတွေပေါ်သည်ထိ ဖြူနုနေသော မိတ်ကပ်မပါသည့် BaekHyun ပုံစံကို သူပိုသဘောကျတာမို့ဖြစ်သည်။ ဘာအကြောင်းကြောင့် BaekHyun ကိုဆိုလျှင် အစစအရာရာ လိုက်ကြည့်နေမိမှန်း နားမလည်နိုင်။ သူနှင့်ပက်သက်လျှင် ကိုယ့်ကိုကိုယ် Park ChanYeol မပီသတော့ဘူးဟု အတွေးဝင်ဝင်လာရသည်။

ချစ်တာတော့မဟုတ်ပါ။
ဒီတိုင်းလေးအနားမှာထားချင်သည့်သဘောမျိုး။

BaekHyun ရှိနေလျှင် ကံကောင်းသည်ဟုခံစားမိတာကြောင့်ပင်။ လက်ထပ်ဖို့ထိ ဆုံးဖြတ်လိုက်ခြင်းကိုတော့ မိမိကိုယ်တိုင်ပင် ဘာလို့လဲမသိ။ ကလေးငယ်တစ်ယောက် သူကြိုက်သည့် အရုပ်တစ်ရုပ်ကို အပိုင်လိုချင်သလို BaekHyun ကိုလိုချင်တာမျိုး။

တွေ့လိုက်တိုင်း အရှက်သည်းစွာ ငုံ့ထားတဲ့ မျက်နှာလေးကို ခိုးကြည့်ရတာ သဘောကျသည်။
အနားကိုတိုးကပ်သွားတိုင်း အနောက်ကို ဆုပ်ဆုပ်သွားတတ်ပုံလေးကို အသည်းယားသည်။
အထစ်ထစ်အငေါ့ငေါ့ စကားပြောကာ ကြောက်လန့်နေပုံလေးကို အမြဲတွေ့ချင်ကြားချင်သည်။

ဦးလို့ခေါ်တာလေးကိုလဲ..အင်း..သဘောကျတယ်ဆိုပါတော့။

ဒါကြောင့်အနားမှာတစ်သက်လုံးခေါ်ထားလိုချင်းပင်။ အချစ်တစ်ခုဘက်ကိုတော့ ပြောင်းလဲမှုမရှိအောင် တတ်နိုင်သလောက်တားဆီးရမည်။

ဟန်ဆောင်ကောင်းသည့် ကိုယ့်ကိုကိုယ်သာ ချီးကျူးလိုက်ခြင်တော့၏။

ချစ်မိသွားရင်တောင် မချစ်မိသလိုနေမယ်..
သတိရရင်တောင် သတိမရသလိုနေမယ်..

ဖြူစင်သောချစ်သူWhere stories live. Discover now