Episode 7

12K 1K 12
                                    

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

ဆိုင်ခန်းနားသို့ ရောက်ခါနီးလေလေ စိတ်တွေလှုပ်ရှားရလေ ဖြစ်လာရသည်။ နံနက်က ဆိုင်ကိုမသွားခင် အိမ်ကိုလာခေါ်သော ဦးရဲ့အတွင်းရေးမှူးပြောလိုက်သည့် သူဌေးကိုယ်တိုင် အားလုံးပြင်ဆင်ထားတာ ဆိုတဲ့ စကားတစ်ခွန်းကြောင့်ပင်။

မသွားဖြစ်တာကြာပြီဖြစ်တဲ့ဆိုင်လမ်းလေးကို ငေးစိုက်ကြည့်နေတော့ တစ်ချိန်က ကျောင်းသွားကျောင်းပြန် ဒီလမ်းကို သူငယ်ချင်းနှစ်ယောက်အတူသွားခဲ့တာတွေ... ဆိုင်ဖွင့်ချိန် အထုပ်ပိုးပေါင်းစုံမနိုင်မနင်းသယ်ပြီး တစ်ယောက်ထဲလျှောက်ခဲ့ရတာတွေ... အဲ့အချိန်တုံးကတော့ တန်ဖိုးထားရမှန်းမသိခဲ့တာ အမှန်။

ကျွန်တော့်ဘဝလေးကို သာမန်လိုပဲ ပုံမှန်ဖြတ်သန်းသွားမည်ဟု ထင်ထားခဲ့တာပဲမဟုတ်လား။

"အစ်ကိုလေး..
ရောက်ပါပြီ"

မရောက်တာကြာ၍ပဲ ကိုယ့်ဆိုင်ကိုမမှတ်မိသလား။
ဟင့်အင်း..ကျွန်တော့်မှတ်ဉာဏ်အဲ့လောက်မနိမ့်ပါဘူး။
သို့သော် မျက်စိရှေ့တွေ့နေရသည့် ဆိုင်ခန်းသည် အရင်ကနှင့် နည်းနည်းလေးမျှမတူ။

အရင်ကဆိုင်ရှေ့တွင် ခုံဝိုင်းလေးနှစ်ခုံသာ ရှိပြီး ယခုဆိုင်ရှေ့တွင် မျက်ခင်းအတုလေးများ ..ရေတံခွန်သေးသေးလေးနှင့် သစ်သားထိုင်ခုံပုလေးတွေ အစီအရီချထားလေသည်။

ဆိုင်ခန်းတွင်းသိလိုစိတ်ပြင်းစွာဝင်ကြည့်လိုက်တော့ ကျွန်တော် အသက်ရှူဖို့မေ့လျော့သွားသည်ထင်ပါ၏။

ပုံမှန်သားနားသော ဆိုင်ခန်းလေးသည် ယခုအခါ အိမ်မက်တိုင်းပြည်ထဲက ပန်းခင်းထဲရောက်နေသလိုလို..

သည်လိုအပြင်ဆင်မျိုးသည် အိပ်မက်ထဲ၌သာအကြိမ်ကြိမ် မက်ခဲ့ရသည့် အပြင်အဆင်များသာ..

မသိစိတ်ကဂရုစိုက်ပေးနေမိတဲ့ ဦး..
ကျွန်တော့်ကိုချစ်မိနေတာများလား။

ဘာကိုမှဂရုမစိုက်သည့်ပုံနဲ့ဦးက အခုလိုအပြင်ဆင်တွေကို တစ်ပါတ်အတွင်းမှာ နေ့မအားညမအား အလုပ်တွေကြားထဲမှ ကျွန်တော့်အတွက် ..ကျွန်တော့်စကားတစ်ခွန်းထဲ အတွက် ပြင်ဆင်ပေးခဲ့သည်လေ။

ဖြူစင်သောချစ်သူWhere stories live. Discover now