🍁1🍁

9K 560 14
                                    

🐻Dika🐧
💕Yaoi💕

"သား သ​ဘောမတူဘူးဒယ်​ဒီ"

"သားကိုသ​ဘောတူသလား?မတူဘူးလား?ဒယ်​ဒီမ​မေးဘူး​နော်​.. ဒယ်​ဒီ့ကိစ္စကိုအသိ​ပေးရုံတင်​"

"ဒါဆို မာမီကို​ရော ဒယ်​ဒီဘယ်​လိုလုပ်​မှာလဲ?"

"သားဒယ်​ဒီကို မာမီကွာရှင်း​တော့မှာ"

သူ့မှာအံ့သြလွန်းလို့ ​ပြောစရာစကားမရှိ​တော့..
အလုပ်​ကိစ္စနဲ့China​ရောက်​​နေတုန်း ဒယ်​ဒီဖုန်းဆက်​ပြီး ပြန်​လာဖို့​ပြောသည်​။

သူ့အလုပ်​​တွေ​ကြောင့်​ ပြန်​လာဖို့အစီအစဉ်​မရှိ​ပေမဲ့ ဒယ်​ဒီရဲ့​လက်ထပ်ပွဲ​​​ဆိုတဲ့စကား​ကြောင့်​ အလုပ်​​တွေပစ်​ပြီးပြန်​လာခဲ့တာ..

သူ့ဘ၀မှာ အားကျ​လေးစားရသူကဒယ်​ဒီ..
လုပ်​ငန်းမှာလဲပြိုင်​ဖက်​မရှိဘဲ လူတကာပါးစပ်​ဖျားမှာချီးကျူးခံရတဲ့ဒယ်​ဒီ.. မာမီအ​ပေါ်လဲ ခင်​ပွန်း​ကောင်းပီသစွာနဲ့ ချစ်​ခင်​​ပေးသည်​။

သူထင်​ခဲ့တာ ဒယ်​ဒီ​လောက်​​တော်​လွန်း.ထက်​လွန်း.​လေးစားအားကျစရာ​ကောင်းလွန်းတဲ့သူ ​လောကမှာမရှိဘူးလို့​တွေးခဲ့တာမှားပြီထင်​သည်​။

ဒယ်​ဒီကမာမီကိုကွာရှင်းပြီး ​နောက်အိမ်​ထောင်ပြု​​​မည်​တဲ့.. လူကြားလို့မှမ​ကောင်း.. ဒယ်​ဒီကို​အေး​အေး​ဆေး​ဆေးကွာရှင်း​ပေးမဲ့ မာမီကိုလဲအံ့သြသည်​။ ဒယ်​ဒီနဲ့မာမီက အရမ်းချစ်​လွန်းလို့ ချစ်​သူ​တွေဘ၀က​နေလက်​ထပ်​ခဲ့ကျတာ.. ဒယ်​ဒီအ​ပေါ်အရမ်းချစ်​တဲ့မာမီ..ဇနီး​ကောင်းတ​ယောက်​ဖြစ်​တဲ့မာမီကို ပြစ်​ပီး ​​နောက်​အိမ်​​ထောင်​ပြုမည့်​ဒယ်​ဒီကို ပထမဆုံးအကြိမ်​စိတ်​ပျက်​မိခြင်း..

"ဒါက အဲ့​ကောင်​လေးပုံ.. နာမည်​က Do Kyung Sooတဲ့.. Seoulတက္ကသိုလ်​ ပထမနှစ်​..အသက်​က၁၈."

အံ့သြပြီးရင်း အံ့သြရင်းပါဘဲ.​နောက်​အိမ်​​ထောင်​က အသက်​၁၈နှစ်​အရွယ်​​ကောင်​​လေးတ​ယောက်​တဲ့လား?

သူအိမ်​​ထောင်​ပြုလို့ က​လေးယူရင်​​တောင်​ ​မြေးအရွယ်​ရှိမဲ့​ကောင်​​လေးကို ဒယ်​ဒီကလက်​ထပ်​မယ်​..အဟက်​ ရယ်​စရာ​တော့​ကောင်းတယ်​..

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now