🌹7🌹

4.4K 432 15
                                    

🐻Dika🐧

Arjimaလာချ​ပေးသည့်​မနက်​စာကို စားရင်း ​ဘေးကရပ်​​နေသည့်​ arjushiအားလှမ်း​မေးလိုက်​သည်​။

"ဟိုတ​ယောက်​​ကော"

"ဘယ်​တ​ယောက်​လဲသခင်​​လေး"

Arjushiကနားမလည်​သလိုပြန်​​မေး​တော့..

"ကျစ်​ DO Kyung Sooကို​ပြော​နေတာ"

"​အော်​ သားငယ်​​လေးမထ​သေးဘူးထင်​တယ်​သခင်​​လေး"

Arjushiအ​ဖြေ​ကြောင့်​ Jonginမျက်​​မှောင်​ကြုတ်​ကာ arjushiကိုကြည့်​ပြီး..

"ကျ​နော်​​တောင်​နိုးပီ.. သူကအခုထိဘာကိစ္စမနိုး​သေးတာလဲ.. အလုပ်​သမားတ​ယောက်​က သခင်​ထက်​အရင်​ထရမှာမဟုတ်​ဘူးလား?"

"ညက အိပ်​မ​ပျော်​လို့ဖြစ်​ပါလိမ့်​မယ်​သခင်​​လေး..သားငယ်​​လေး​နေရတဲ့အခန်းကမီးကလဲမရှိ..ကျဉ်းလဲကျဉ်းဆို​တော့ က​လေးအရွယ်​​လေးက ​ကြောက်​​နေရှာမှာ.. သားငယ်​​လေးညက အိပ်​​မရ​လောက်​ဘူး"

"သ​ဘောက ကျ​နော့်​ကိုအပြစ်​တင်​ချင်​တဲ့သ​ဘောလား?"

"မဟုတ်​ပါဘူးသခင်​​လေး.. အဲ့လိုမဟုတ်​ပါဘူး.. သားငယ်​​လေးကငယ်​​သေး​တော့ အဲ့လိုအခန်းထဲမှာအိပ်​ရတာ​ကြောက်​​နေမှာကို​ပြောပြတာပါ"

"Arjima.. သူ့ကိုသွားနိုးလိုက်​ပါ"

"သည်းငယ်​နိုးပါပြီဦးJongin.. ​နောက်​ကျသွားလို့​တောင်းပန်​ပါတယ်​.. ​နောက်​ဆို​စော​စောထပါ့မယ်​"

Arjimaမသွားခင်​ အိမ်​ထဲဝင်​လာသည့်​kyung sooက​ဖြေလိုက်​သည်​။kyung soo​ရောက်​ပီးမ၀င်​ဘဲ အခန်းတံခါးဝက​နေ ဦးjongin​ပြောတာကိုနား​ထောင်​​နေခဲ့တာ..

သခင်​နဲ့အလုပ်​သမားတဲ့လားဦးjongin..

မနက်​ခင်းအစမှာ ပွင့်​လန်းတဲ့ပန်း​လေးလို..မျက်​နှာသစ်​ပီးခါစ ​ပြောင်​ရှင်း​နေသည့်​မျက်​နှာ​လေးနဲ့kyung sooအား ခနမျှ​တော့ jonginနစ်​​မျောသွားပါသည်​။

"​ကောင်းပြီ..​နောက်​ဆို ​စော​စောထပီးarjimaကိုကူ.. မနက်​စာစားပီးရင်​ အ​ပေါ်ထပ်​ကငါ့အခန်းကိုလာ.. ငါ့အခန်းကိုသန့်​ရှင်း​ပေး"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now