🌳12🌳

4.3K 398 23
                                    

🐻Dika🐧

"အား ကျွတ်​ ကျွတ်​ ကျွတ်​"

မဟားတရား ထိုးကိုက်​​နေတဲ့​ခေါင်း​ကြောင့်​ အိပ်​ယာထက်​ကမထနိုင်​​သေး.. နထင်​ကိုလက်​နဲ့ဖိကာ သက်​သာ​စေ​သော်​ငြား မူး​နေတဲ့ဒဏ်​ကမ​ပျောက်​..

မ​နေ့ကသူဘယ်​လိုအိမ်​ပြန်​​ရောက်​လဲမသိ.
ဘယ်​လိုပြန်​လာလဲလဲမသိ..
မ​နေ့က Luhanနဲ့အတူ အရက်​ထိုင်​​သောက်​ပီး
ဘာမှကိုမမှတ်​မိ​တော့..

မ​နေ့အဖြစ်​အပျက်​​တွေ​ခေါင်းထဲ​ရောက်​လာ​တော့ ကိုယ့်​ကိုကိုယ်​စိတ်​ပျက်​သွားကာ ကျစ်​စုတ်​သပ်​မိသည်။ဒီမိန်းမ​ကြောင့်​ ဘ၀ပျက်​ထားတာ​တောင်​ ဒီမိန်းမကိုမြင်​​တော့အရူးလို ထပ်​ခံစား​နေတဲ့သူ့ကိုယ်​သူ သတ်​ပစ်​ချင်​မိပါရဲ့..

စောင်​ကို​ဘေးဖယ်​လိုက်​​တော့ သူ့အ၀တ်​အစား​တွေက မ​နေ့က၀တ်​ထားတဲ့အင်္ကျီမဟုတ်​..

"Luhanများလဲ​ပေးထားတာလားမသိဘူး"

Jongin​ရေချိုးခန်းထဲဝင်​ကာ ​​ခေါင်း​လျှော်​​ရေချိုးချလိုက်​​တော့ မူး​နောက်​​နေတာက အနည်းငယ်​ကြည်​လင်​သွားသည်​။ရေချိုးပီးအပြင်​ထွက်​လာ​တော့ ​ခေါင်းကိုတဘက်​တခုနဲ့သုတ်​ကာ အ၀တ်​ထုတ်​ပီး ၀တ်​ဖို့ပြင်​လိုက်​စဉ်​ ခုံ​ပေါ်ကအထုတ်​​လေးတထုတ်​..

"ဟို​ကောင်​​လေးအတွက်​ အင်္ကျီထုတ်​ဘဲ..Luhanတခါထဲမ​ပေးဘူးလား?ကျစ်​ ငါဝယ်​​ပေးမှန်းမသိ​အောင်​ ကိုယ်​တိုင်​မ​ပေးချင်​ပါဘူးဆိုမှကွာ"

စိတ်​ရူပ်​​ထွေးစွာ ဆံပင်​​တွေကိုဆွဲဖွလိုက်​သည်​။
အ၀တ်​အစားလဲ ပြင်​ဆင်​ပီး ​အောက်​ဆင်းလာခဲ့သည်​။Kyung Sooအတွက်​ အ၀တ်​ထုတ်​​လေးပါယူရင်း..

ထမင်းစားခန်း​ရောက်​​တော့ Kyung Sooက်ုမ​တွေ့ရ.. arjimaတ​ယောက်​ထဲသာ.. စားပွဲ​ပေါ်ကမနက်​စာလဲပြင်​ထားပီးသားဆို​တော့ arjimaပြင်​ထားပုံရသည်​။ဟို​ကောင်​​လေး ဘယ်​​ရောက်​​နေပါလိမ့်​..

arjimaပြင်​ထားတဲ့မနက်​စာကို မစားချင်​စားချင်​နဲ့စား​တော့ ရင်းနှီး​နေကျလက်​ရာ.. ဒါ ဟို​ကောင်​​လေးလက်​ရာဘဲ..

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now