🍏13🍏

4.1K 402 47
                                    

🐻Dika🐧

Ph ringtone📱📱

"Hello"

"Jongin ah..ငါပါ Tao"

"ဟင်​ Tao.. ဘာသတင်းထူးလို့လဲဟင်​..က​လေးငယ်​​လေးသတင်း​ပြောမလို့လား?.က​လေးငယ်​ကိုရှာ​တွေ့ပြီလား?"

Jonginစိတ်​လှုက်​ရှားသွားတာမို့ အသံ​တွေပင်​တုန်​​နေသည်​။

နှစ်​​တွေကြာပီလိုက်​ရှာ​နေ​သော်​လဲ ဘာသတင်းအစအနမှမရခဲ့.. အခုမှTaoဘက်​ကဆက်​သွယ်​လာ၍ Jongin၀မ်းသာအားရဖြစ်​သွားတာလဲပါသည်​။

"အင်း.. ငါအဲ့အ​ကြောင်း​ပြောချင်​လို့ မင်းငါ့စခန်းကိုလာ​ပေးနိုင်​မလားJongin"

"အခုလား?ok ငါ၁၅မိနစ်​အတွင်း မင်းစခန်းကိုအ​ရောက်​လာခဲ့မယ်​"

"စိတ်​မလှုပ်​ရှားဘဲကားကိုဖြည်းဖြည်း​မောင်းခဲ့ပါJonginရာ.. မင်းအသံကြားရုံနဲ့ မင်းအရမ်းစိတ်​လှုပ်​ရှား​နေမှန်းသိသာတယ်​.မင်းကိုငါ​အေး​အေး​ဆေး​ဆေး​ပြောမှာပါကွာ.. အမြန်​မလိုပါနဲ့.. "

"​အေးပါကွာ.. ငါအခုဘဲထွက်​လာခဲ့မယ်​"

Taoနဲ့ဖုန်း​ပြောပြီး လုပ်​လက်​စအလုပ်​ကိုသိမ်းကာ အ​ပေါ်ဝတ်​ထပ်​၀တ်​ပီးကား​သော့ဆွဲကာထွက်​ခဲ့သည်​။

"ဦးJongin"

လော​လောနဲ့ထွက်​လာတဲ့Jonginတ​ယောက်​ ​လှေကားအ၀မှာတင်​ Kyung Sooနဲ့ဝင်​တိုက်​မိသည်​။

"ဘာလဲကွာ.မင်းက"

Jonginစိတ်​​လော​နေတာ​ကြောင့်​ Kyung Sooနဲ့ဝင်​တိုက်​မိတာကို စိတ်​ရူပ်​သွားသည်​။

"ဟို ဦးJonginကို သည်းငယ်​ခွင့်​​တောင်းစရာရှိလို့"

"ဘာလဲ​မြန်​မြန်​​ပြော"

"ဟို သည်းငယ်​အပြင်​သွားချင်​လို့အဲ့တာ"

"ဘာလဲ ငါ့ကိုလိုက်​ပို့ခိုင်းမလို့လား?"

"မဟုတ်​ပါဘူးဦးJongin.. သည်းငယ်​က သွားခွင့်​​တောင်း.. ​တောင်းတာပါ"

"​​အေးသွားစရာရှိတယ်​ဆို​တော့လဲသွား​ပေါ့.. ညမိုးမချုပ်​​စေနဲ့.. ငါပြန်​လာတဲ့အထိ မင်းမ​ရောက်​​သေးရင်​ ခြံထဲဝင်​ဖို့မစဉ်းစားနဲ့"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now