🍃2🍃

4.6K 471 7
                                    

🐻Dika🐧
💜Yaoi💜

"Do Kyung Soo?ငါ့မိသားစုကိုပြိုကွဲ​အောင်​လုပ်​တဲ့ ပိုင်းလုံး​ကောင်​ Do Kyung Sooဆိုတာမင်းကိုး"

ပြောင်းလဲသွားတဲ့အ​ခြေအ​နေ​ကို Kyung Sooနားမလည်​.. ခုနကဘဲ ကြင်​ကြင်​နာနာနဲ့ပြော​နေတဲ့ ထိုလူကြီးက ချက်​ချင်းဘဲ သူ့ကိုစိမ်းစိမ်းကားကားနဲ့ကြည့်​ကာ ​ဒေါသတကြီးစွပ်​စွဲ​တော့သည်​။

"ခင်များက ဘာမို့လို့ ​သည်းငယ်​ကိုအခုလိုလာစွပ်​စွဲ​နေရတာလဲ?"

"ငါက Kim Jongdaeရဲ့သား Kim Jongin"

Kyung Sooပါးစပ်​​လေးဟကာ အံ့သြသွားရသည်​။Jongdae arjushi​ပြောတဲ့ အသက်​၃၃နှစ်​အရွယ်​ သ​ဘောင်္အင်​ဂျင်​နီယာတ​ယောက်​လို့​ပြောလာတုန်းက ဤမျှ​လောက်​ထိ ​ချော​မောနုငယ်​​နေလိမ့်​မည်​လို့မထင်​ထား..

"မင်းက ရုပ်​က​လေးကြည့်​​တော့ရိုးသားမလိုနဲ့.. ပိုင်းလုံးဖြစ်​​နေတာမထင်​ရဘူး.. အခုလဲ ငါ့ကား​ရှေ့တမင်​လဲချတာမလား?မင်းရဲ့လှည့်​ကွက်​​တွေထဲ ငါ့ဒယ်​ဒီဘဲ​မျောရင်​​မျောမယ်​ ငါ့ကို​တော့မရဘူး."

"ဒီမှာ ဦးJonginစကား​တွေလွန်​​နေပြီမထင်​ဘူးလား? သည်းငယ်​ကိုအဲ့လိုလာမစွပ်​စွဲပါနဲ့.. သည်းငယ်​ ပိုင်းလုံးမဟုတ်​ဘူး"

"အဟက်​ သူခိုး​တွေသာ ခိုးပါတယ်​၀န်​ခံရင်​ ကိုရီးယားအစိုးရ​တော့ ​ထောင်​သား​တွေထမင်း​ကျွေးရတာနဲ့တင်​ မွဲမှာဘဲ.. မင်းမို့လို့လုပ်​ရက်​တယ်​.. ငါ့မိသားစုကိုပြိုကွဲ​အောင်​လုပ်​ပီး ငါ့ဒယ်​ဒီကိုအပိုင်​ချုပ်​တာ.. အသက်​အရွယ်​နဲ့မလိုက်​​တော်​လွန်း​တယ်​.. မင်းကို ငါအပြတ်​​ပြောလိုက်​မယ်​ မင်းနဲ့ဒယ်​ဒီရဲ့လက်​ထပ်​ပွဲကို ငါလုံးဝသ​ဘောမတူဘူး.. အဲ့​တော့ မင်းဘက်​ကငြင်းလိုက်​ပါ..အဲ့အတွက်​ ငါဘယ်​​လောက်​​ပေးရမလဲ"

"ဦးJonginထင်​တာ​တွေလွဲ​နေပြီ.. ပြီး​တော့ သည်းငယ်​ Jongdae arjushiကို ဘယ်​တုန်းကမှအပိုင်​မချုပ်​ဖူးဘူး.. ဦးJongin​ပြောသလိုလဲ သည်းငယ်​လက်​ထပ်​ပွဲကို မငြင်းနိုင်​ဘူး..သည်းငယ်​အ​ပေါ်မှာ Jongdae arjushi​ကျေးဇူး​တွေအများကြီးဘဲ.. "

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now