🐻Dika🐧
ခြေဦးတည့်ရာသွားနေတာ ဘယ်သွားလို့သွားရမလဲမသိ.. ဆွေမျိုးသားချင်းကမရှိ.. မွေးစားပေးခဲ့တဲ့ဒုတိယမေမေဆီလဲ မျက်နှာပြောင်တိုက်ပြန်သွားလို့လဲမရ..
ရှေ့လျှောက် သူဘယ်လိုနေပီး ဘယ်လိုရပ်တည်ရမည်လဲ?ကျောင်းကလဲတပိုင်းတစ်စနဲ့..
ညကလဲတိတ်ဆိတ်လာသည်။လမ်းအသွားအလာလဲရှင်းလို့လာသည်။တနေကုန်လျှောက်သွားနေခဲ့တာ ခြေထောက်တွေလဲနာနေပီမို့ ရှေ့အနားက Busကားမှတ်တိုင်လေးဆီလျှောက်သွားပီး ၀င်ထိုင်လိုက်သည်။
ရှေ့ဆက်ရမဲ့သူ့ဘ၀ကခက်ခဲတော့မည်...
ဘယ်ဘ၀က၀ဋ်ကြွေးတွေမကုန်ခဲ့တာလဲ?သူ့ဘ၀ကဘာလို့အေးချမ်းမနေရတာလဲ..
လွယ်ထားတဲ့ကျောပိုးအိတ်လေးကိုချွတ်ပီး ဇစ်ဖွင့်လိုက်တော့ အထဲက ဦးJongin၀ယ်ပေးခဲ့တဲ့အင်္ကျီလေး.. အင်္ကျီလေးကိုထုတ်ယူရင်း မျက်ရည်ကကျလာသည်။
သည်းငယ်မရှိတော့ ဦးJongin၀မ်းသာနေမလား?ဒါမှမဟုတ် ခိုင်းရမဲ့အလုပ်သမားမရှိတော့ဘူးဆိုပီး စိတ်တိုနေမလား?
လွမ်းတယ်ဦးJongin.. သည်းငယ် ခင်များကိုအရမ်းလွမ်းတယ်.. တရက်တောင်မကူးသေးဘူး သည်းငယ်ရူးတော့မယ်.. ရက်ပေါင်းများစွာ ဦးJonginနဲ့ထပ်မတွေ့ရတော့ဘူးဆိုရင် သည်းငယ်ဘယ်လိုနေရမလဲ?
Arnyi.. Kyung Sooမင်းမေ့ရမယ်..
ဦးJonginကိုမင်းမေ့ပစ်ရမယ်.
မင်းနှလုံးသားထဲကနေ ဦးJonginဆိုတဲ့လူကိုမင်းထုတ်ပစ်ရမယ်.. ဦးJonginကလဲ မင်းကိုမုန်းနေတာ..မင်းကလဲ မုန်းရမယ်.. ဟုတ်တယ် မင်းနဲ့ဦးJonginက ဘယ်တော့မှမဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းဘဲ..
အင်္ကျီကိုကျောပိုးအိတ်ထဲပြန်ထည့်ကာလမ်းမဘက်ငေးနေမိသည်။ဘယ်သွားရမလဲ?ဒီညတော့ ချွေးထုတ်ခန်းသွားအိပ်ရတော့မည်။
အပြင်ထွက်တိုင်း ကျောပိုးအိတ်လွယ်ပီး အပိုအင်္ကျီတထည်စောင်တက်တဲ့သူ့အကျင့်က အခုလိုရုတ်တရက် ဦးJonginအိမ်ကထွက်လာတော့ အဆင်ပြေသွားသည်။ပီးတော့ ကလေးတွေဂိုက်သင်ပေးတုန်းက ပိုက်ဆံအနည်းငယ်လဲ သူ့အိတ်အတွင်းအိတ်ထဲမှာအမြဲထည့်ထားတာက သူ့ကိုရက်ပိုင်းအတွင်းတော့အဆင်ပြေစေမည်။
YOU ARE READING
ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)
FanfictionJongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲအောင်လုပ်တဲ့ ပိုင်းလုံးကောင် Do Kyung Sooကမင်းကိုး" Kyung Soo:"ခင်များက ဘာမို့လို့ သည်းငယ်ကိုအခုလိုလာစွပ်စွဲနေရတာလဲ?" Jongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲေအာင်လုပ်တ့ဲ ပိုင်းလုံးကောင် Do Kyu...
