🌷11🌷

4.4K 413 38
                                    

🐧Dika🐻

"ဦးJongin morning.. ဦးJonginကြိုက်​တာ​တွေဘဲသည်းငယ်​ပြင်​ထားတယ်​"

Jonginဘာမှမ​ပြောဘဲ Kyung Sooဆွဲထုတ်​​ပေးသည့်​ခုံမှာဘဲဝင်​ထိုင်​လိုက်​သည်​။Kyung Sooကို ​ခေါင်းဒဏ်​ရာရပီးကထဲက ထပ်​မဖြစ်​​အောင်​ Jonginအတက်​နိုင်​ဆုံး​ရှောင်​သည်​။Kyung Sooရှိတဲ့​နေရာ​တွေဆိုမသွား..

တပတ်​အကြာမှာ.​ခေါင်းဒဏ်​ရာ​ပျောက်​​တော့ အိမ်​အလုပ်​​တွေဝင်​ကူပီး ကျ​နော့်​တာဝန်​​တွေကိုသူဘဲလုပ်​သည်​။ဥပမာ. ကျ​နော့်​အတွက်​ မနက်​စာ.​နေ့လယ်​စာ.ညစာ သူဘဲချက်​ပီး သူဘဲပြင်​​ပေးတာမျိုး.. ကျ​နော့်​အခန်းသန့်​ရှင်း​ရေးကိုလဲ မနက်​တခါ ည​နေတခါဝင်​လုပ်​သည်​။ကျ​နော်​ခိုင်းစရာမလိုပါဘဲ သူ့ဘာသာဝင်​လုပ်​လာသည်​။

ကျ​နော်​ သူ့ကို အရင်းအနှီး​ပေးကာ ကျ​နော့်​အနကထွက်​သွားဖို့​ပြော​ပေမဲ့ သူကမသွား.. ဘယ်​လို​ပြော​ပြော ​ခေါင်းမာကာကပ်​တွယ်​​နေတဲ့သူ့ကို ကျ​နော်​ထပ်​​မ​ပြောလို​တော့.. အဲ့​တော့လွှတ်​ထား​ပေးလိုက်​သည်​။သူက​တော့ ကျ​နော်​အ​ပေါ် ရင်းရင်းနှီးနှီးဆက်​ဆံလာ​ပေမဲ့ ကျ​နော်​က​တော့ ​​မေးရင်​​ဖြေရုံသာ အပိုမ​ပြောဘဲ. ဖာသိဖာသာ​နေခဲ့တယ်​..

"ဦးJongin သည်းငယ်​စမ်းချက်​ထားတာ ​ကောင်း​လားဟင်​"

သူလုပ်​ထားတဲ့ဟင်းရည်​ကို ​ကောင်းလားဆိုတဲ့ပုံ​လေးနဲ့ မျက်​လုံး​လေးပြူးကာကြည့်​​နေသည်​။

"အင်း...​ကောင်းတယ်​"

"အာ့ဆိုများများစားဦးJongin"

Jonginက​ကောင်းတယ်​ဆို​တော့ Kyung Soo​ပျော်​သွားတာ ဖုံးမရ..

"မင်းလဲမစားရ​သေးဘူးမလား?စား​တော့​လေ"

"ဟုတ်​.. သည်းငယ်​ကပီးမှ အဘွားတို့နဲ့စားတာ"

"​အော်​"

Jonginဘာမှမ​ပြောဘဲ ထမင်းသာစား​နေလိုက်​သည်​။စားပီးသွား​တော့ ​အောက်​ထပ်​ကစာဖတ်​ခန်းထဲသာဝင်​ခဲ့လိုက်​သည်​။

"သခင်​​လေးနဲ့သားငယ်​​လေးကိုမြင်​ရ​တော့စိတ်​ချမ်းသာလိုက်​တာ.. သခင်​​လေးက သားငယ်​​လေးအ​ပေါ် အရင်​လိုမဆက်​ဆံ​တော့တာဝမ်းသာစရာဘဲ.. အဘွား​တော့အခုလိုမြင်​ရတာစိတ်​ချမ်းသာတယ်​ကွယ်​.. သခင်​​လေးနဲ့သားငယ်​​လေးက ညီအကိုရင်း​တွေလိုဘဲ..အကိုဖြစ်​တဲ့သူကို ညီငယ်​ကဂရုတစိုက်​လုပ်​​ပေး​နေတာမျိုး"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now