🐘17🐘

4.6K 437 26
                                    

🐻Dika🐧

ရင်​ခွင်​​နွေး​နွေးကြီးမှာ တစ်​မိနစ်​​လောက်​ခိုဝင်​ခဲ့ပီးမှ အသိဝင်​လာ​တော့ တွန်းထုတ်​လိုက်​ပီး ထို​နေရာကထွက်​​ပြေးခဲ့သည်​။

မျက်​လှည့်​ကြည့်​​နေရင်း လူ​တွေကြားထဲဇွတ်​တိုးဝင်​သွားတဲ့Jongin​ကြောင့်​ Luhanနဲ့Sehunမှာ ဘာများဖြစ်​တာလဲဆိုပီးစိတ်​ပူ​နေတုန်း အ​ရှေ့ဆုံးမှာရပ်​ပီးကြည့်​​နေတဲ့Kyungsooကိုမြင်​မှ Jongin​ဘာလို့လူကြားထဲဇွတ်​တိုးလဲသိလိုက်​သည်​။

Baekhyunနဲ့Taeminမှာလဲ Kyungsooအနားရုတ်​တရက်​​ရောက်​လာပီး ဆွဲဖက်​လိုက်​တဲ့Jongin​ကြောင့်​ ဆွဲဘဲခွာရမလို.. Jonginကိုဘဲဆွဲထိုးရမလိုဖြစ်​​နေသည်​။

မျက်​လှည့်​ပြ​နေတဲ့မျက်​လှည့်​ဆရာ​ကော..မျက်​လှည့်​လာကြည့်​​နေတဲ့သူ​တွေပါ မျက်​လှည့်​ကိုစိတ်​မ၀င်​စား​တော့ သူတို့​ရှေ့က Jonginနဲ့Kyungsooကိုသာ စိတ်​၀င်​စားလာ​တော့သည်​။

"က​လေး"

သူ့ကိုတွန်းထုတ်​ပီးထွက်​​ပြေးသွားတဲ့Kyungsooကို ​ခေါ်ရင်း​နောက်​က​နေထပ်​ကြပ်​မခွာလိုက်​လာ​သောJongin.. အဲ့လိုဘဲ Jongin​နောက်က​နေ Luhanနဲ့Sehunအပြင်​.. Baekhyunနဲ့Taeminပါလိုက်​လာကျသည်​။

နောက်​လှည့်​မကြည့်​ဘဲအ​ရှေ့က​နေအ​ပြေးသွား​နေတဲ့Kyungsooကို Jonginအမှီလိုက်​ကာဆွဲထားလိုက်​သည်​။

"က​လေး"

"လွှတ်​.. ဘာလုပ်​တာလဲ လက်​ကိုလွှတ်​"

"က​လေး.. ခန​လောက်​စကား​ပြောရ​အောင်​​နော်​"

"ခင်​များကဘယ်​သူလဲ?ခင်​များကဘာမို့ သည်း.. ကျ​နော်​ကခင်​များနဲ့စကား​ပြောရမှာလဲ?"

"က​လေး ဦးကိုအဲ့လိုကြီးမလုပ်​ပါနဲ့ကွာ.. ခန​လောက်​ ဦးရှင်းပြတာ​လေးနား​ထောင်​​ပေးပါ.. ဦး​လေ က​လေးကိုလိုက်​ရှာ​နေခဲ့တာ.. ဟိုးအရင်​ကထဲကပါ.. လွန်​ခဲ့တဲ့၈နှစ်​ကထဲက က​လေးကို ဦးလိုက်​ရှာ​နေခဲ့တာပါ.. "

"အဲ့တာဘာလုပ်​ရမှာလဲ?ကျ​နော်​နဲ့ဘာဆိုင်​လို့လာ​ပြော​နေတာလဲ?"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now