🍄3🍄

4.3K 457 14
                                    

🐻Dika🐧
💦Yaoi💦

"ကျ​နော့်​ကို​တွေ့ချင်​တာ ဘာအတွက်​လဲအန်​ကယ်​"

"​အော်​ မ​နေ့က အန်​ကယ်​သားနဲ့ဝတ်​စုံသွားကြည့်​တာအဆင်​​ပြေလားသိချင်​လို့ပါ"

"​ပြေပါတယ်​အန်​ကယ်​"

"သား.. မင်္ဂလာပွဲကို အခုSundayမှာစီစဉ်​ထားတယ်​"

"ဗျာ.. အဲ့​လောက်​မြန်​မြန်​ကြီး"

"သားအတွက်​အဆင်​သင့်​မဖြစ်​​သေးဘူးဆိုတာ အန်​ကယ်​သိပါတယ်​.. အခုလိုမြန်​မြန်​စီစဉ်​မှကိုဖြစ်​မှာမို့လို့ပါ.. အန်​ကယ်​​တောင်းပန်​ပါတယ်​"

"ရပါတယ်​အန်​ကယ်​.. အ​နှေးနဲ့အမြန်​ဘဲကွာတာပါ. မထူးလဲလက်​ထပ်​ရမှာဘဲ​လေ.. "

"သားကို အန်​ကယ်​အခုလို​တောင်းဆိုခဲ့တာကို သားဘက်​ကလိုက်​​လျော​ပေးခဲ့တဲ့အတွက်​ အန်​ကယ်​​ကျေးဇူးတင်​ပါတယ်​.. ပီး​တော့ အန်​ကယ်​​တောင်းဆိုတာ​တွေအတွက်​ သားဘက်​ကတမျုးမထင်​​စေချင်​ဘူး"

"ရပါတယ်​အန်​ကယ်​.. အန်​ကယ်​​​ကျေးဇူး​ကြောင့်​ ကျ​နော်​အခုလို​နေနိုင်​တာပါ. အန်​ကယ့်​အ​ပေါ်လဲ ကျ​နော့်​အ​ဖေတ​ယောက်​လို​လေးစားပြီးသားပါ.. "

အန်​ကယ်​အခုလိုလုပ်​​ပေး​နေရတဲ့အ​ကြောင်းအရင်းမှန်​သာ သားသိရင်​ အန်​ကယ့်​ကို​လေးစားနိုင်ပါဦးမလားKyung Sooရယ်​.. အန်​ကယ်​ မင်းအ​ပေါ်တင်​​နေတဲ့အ​ကြွေး​တွေဆပ်​​ပေးရုံပါ..

"​တောက်​"

မီးပွိုင့်​မိ​နေချိန်​ ပြတင်း​ပေါက်​က​နေအပြင်​​ငေးမိ​တော့ မှန်​​ထဲမှမြင်​​နေရတဲ့မြင်​ကွင်းကအတိုင်းသား.

ဒယ်​ဒီက Do Kyung Sooကို ချစ်​မြတ်​နိုး​နေတဲ့အကြည့်​​တွေနဲ့ကြည့်​​နေတာ.. ဟိုပိုင်းလုံး​ကောင်​ကလဲ ရှက်​သလိုလိုဘာလိုလိုနဲ့ ​အမူအယာက..

မီးစိမ်းသွား၍ ထို​နေရာထွက်​လာရ​ပေမဲ့ စိတ်​ကထို​နေရာမှာကျန်​ခဲ့သည်​။

ဒယ်​ဒီ အရမ်းလွန်​ပါသည်​။မာမီကို ဥပ​က္ခောပြုရက်​သည်​။

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now