🎍10🎍

4.3K 448 35
                                    

🐻Dika🐧

"DO Kyung Soo"

အသံ​ကြောင့်​ ​နောက်​လှည့်​ကြည့်​​တော့ ကား​ပေါ်က​နေ​​ဒေါသတကြီးဆင်းလာတဲ့ဦးJongin.

မျက်​နှာကိုကြည့်​ရုံနဲ့ ဦးJonginဘယ်​​လောက်​စိတ်​တို​နေမှန်းသိပါတယ်​..

"လာ"

"အ"

လက်​ကိုအကြမ်းပတမ်းဆွဲခံလိုက်​ရ၍ နာလို့​အော်​မိသည်​။

"သား ခန.. ဒယ်​ဒီနဲ့စကားခန​ပြောရ​အောင်​"

"​ပြောစရာရှိရင်​ ​နောက်​မှသားလာခဲ့ပါ့မယ်​. အခု​တော့သွားလိုက်​ပါဦးမယ်​"

"သား သား"

Jongdaeဘယ်​​လောက်​​ခေါ်​ခေါ် Jonginက​တော့လှည့်​မကြည့်​.. ကားတံခါးကိုဖွင့်​ကာ Kyung Sooကိုယ်​​လေးကို အရုပ်​​လေးတစ်​ရုပ်​လိုပစ်​သွင်းလိုက်​သည်​။

Kyung Sooကားခါးပတ်​ကြိုးကိုသာ ခပ်​တင်းတင်းဆုပ်​ကိုင်​ထားသည်​။ကား​တွေလဲတစ်​စီးပီးတစ်​စီး​ကျော်​တက်​လာသည်​။

ကားအရှိန်​​လျော့ဖို့လဲ Jonginအ​တွေးထဲမှာမရှိ.. အချို့​သောကား​တွေပင်​ Jonginကား​ကြောင့်​ ​ဘေးကိုရမ်းသွားကာ တစ်​စီးနဲ့တစ်​စီးတိုက်​မိမလိုဖြစ်​ပီး အကုန်​လမ်း​ပေါ်မှာရူပ်​​ထွေးကုန်​သည်​။

Kyung Sooစိတ်​ကိုအသင့်​ပြင်​ထားသည်​။အိမ်​​ရောက်​ရင်​​တော့ ဦးJonginအပြစ်​ပေးတာခံရ​တော့မည်​ဆိုတာသူသိ​နေသည်​။

အိမ်​ကို​ရောက်​​တော့ ကား​ပေါ်က​နေသူ့အခန်းထိ Kyung Sooကိုဆွဲ​ခေါ်လာသည်​။

"​ပြောစမ်း.. မင်းဒယ်​ဒီနဲ့အဆက်​အသွယ်​လုပ်​ပီး ထွက်​​ပြေးဖို့ကြံ​နေတာမလား?"

"မဟုတ်​ဘူးဦးJongin.. သည်းငယ်​နဲ့Jongdae arjushiက မထင်​မှတ်​ဘဲ​တွေ့တာပါ.. သည်းငယ်​တို့နှုတ်​ဆက်​ရုံပါဘဲ.. ဦးJonginထင်​သလိုမဟုတ်​ပါဘူး..သည်းငယ်​​ပြောတာယုံပါ​နော်​"

ဦးJongin.သည်းငယ်​ကိုအထင်​မလွဲဖို့ကအဓိကမို့ အရင်​ရှင်းပြရမယ်​.. သည်းငယ်​ ဦးJonginမကြိုက်​တာ ဘာမှမလုပ်​​ကြောင်း ဦးJonginသိမှဖြစ်​မယ်​.. ပီးမှသာ Jongdae arjushiကို နှုတ်​ဆက်​ခဲ့မိတဲ့အတွက်​ ဦးJonginအပြစ်​​ပေးချင်​လဲ သည်းငယ်​ခံမည်​။

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Onde as histórias ganham vida. Descobre agora