🐏18🐏

4.5K 407 27
                                    

🐻Dika🐧

မနက်​လင်း​တော့ Kyungsooနိုးလာသည်​။
Jonginရင်​ဘတ်​​ပေါ်ထပ်​ပီး​မှောက်ရက်​ကြီးအိပ်​ခဲ့တာမို့ သူ့ရင်​ဘတ်​​တွေလဲနာ​နေသည်​။

မျက်​လုံးဖွင့်​ကာ သူ့မျက်​စိ​ရှေ့က Jonginကိုကြည့်​လိုက်​​တော့မနိုး​သေး.. ပိတ်​ကျ​နေတဲ့မျက်​ခွံ​လေး​တွေ.. မြင်​​နေရတဲ့မျက်​​တောင်​စိပ်​စိပ်​​လေး​တွေ.. မနက်​ခင်းရဲ့အစမှာဘဲ ဦးJonginဟာ ကြည်​လင်​ရှင်းသန့်​​နေသည်​။

ဒါ​တောင်​ ဦးJonginပိန်​ကျသွားသည်​။
မျက်​နှာ​လေးအနည်းငယ်​​ချောင်​​နေသည်​။
မရိတ်​ဘဲပစ်​ထားကာ ပစ်​စလတ်​ခတ်​​နေပုံရသည်​။နှုတ်​ခမ်း​မွှေး​တိုတိုစိပ်​​လေး​တွေ​တောင်​​ပေါက်​​နေသည်​။

Kyungsoo.. Jonginကိုယ်​​ပေါ်က​နေအရင်​​လျောဆင်းလိုက်​သည်​။ပီးမှ Jonginကို​စောင်​ပြန်​ခြုံ​ပေးလိုက်​သည်​။

မျက်​နှာသစ်​ပီး မနက်​စာပြင်​ဆင်​ရသည်​။Baekhyunကနိုး​သေး​ပုံမ​ပေါ်.. Baekhyunလဲသူ့​ကြောင့်​နဲ့အိပ်​​ရေးပျက်​ရ၍ Kyungsooမနိုးဘဲထားလိုက်​သည်​။Baekhyunနဲ့သူ့အတွက်​မနက်​စာပြင်​ပီး Jonginအတွက်​ စွပ်​ပြုတ်​ချက်​လိုက်​သည်​။

မနက်​စာအတွက်​ စားပွဲမှာပြင်​လို့အပီး Baekhyun၀င်​လာသည်​။

"Mornee hyunee"

"Mornee.. ဟိုလူ​ကော သက်​သာလား?"

"အင်း ဒါ​ပေမဲ့ အခုထိသတိမရ​သေးတာလား?အိပ်​​နေတာလားမသိဘူး.. ​စောင့်​ကြည့်​ရဦးမယ်​"

Baekhyunစားပွဲမှာဝင်​ထိုင်​လိုက်​သည်​။
Kyungsooပါအတူဝင်​ထိုင်​ရင်း..

"Kyungnieမင်းဘယ်​လိုလုပ်​မယ်​လို့​စိတ်​ကူးထားလဲ?"

"ဘာကိုလဲ?"

"အဲ့လူကို​လေ.. အခုအ​ခြေအ​နေက မင်းတို့နှစ်​​ယောက်​အဆင်​​ပြေသွားတာလား?"

"​ပြေလည်​သွားတယ်​ဆိုရင်​​တောင်​ ငါတို့နှစ်​​ယောက်​ကမဖြစ်​နိုင်​​တော့ဘူးထင်​တယ်​"

"အဲ့လူလိုတဇွတ်​ထိုးပုံနဲ့​တော့ မင်းတို့ဇာတ်​လမ်းဆက်​ရှည်​ဦးမှာဘဲ.. Kyungnie အခွင့်​အ​ရေးဆိုတာ ကိုယ်​ဆီ​ရောက်​တုန်းအမိအရယူထားရတယ်​ကွ.. မင်းလဲချစ်​​နေတုန်းဘဲကွာ ထပ်​ပီးနာကျင်​မခံပါနဲ့​တော့.. မင်းတို့အမြန်​ဆုံးအဆင်​​ပြေပါ​စေလို့ ငါဆု​တောင်း​ပေးတယ်​"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now