~~1~~

16.1K 1.1K 436
                                    


>>အချစ်​ကငရဲပြည်​မှာ​နေတယ်​ 😊😇😌<<

*******************************

''အား...ယိုးယိုး.... ပျင်းလိုက်​တာ... အီး....''

ပလ္လင်​​ပေါ်ထိုင်​​နေလျက်​မှ အ​ညောင်းဆန့်​ချင်​စိတ်​ကို မနည်းထိန်း​နေရပါ​သော
သိကြားမင်း Chanyeol....

နတ်​သဘင်​အစည်းအ​ဝေးမို့
တာဝတိံသာက နတ်​မင်းကြီးများ​ရှေ့ဝယ်
ဣ​နြေ္ဒဆည်​​နေရသည်​မှာ သိပ်​​တော့ အဆင်​မ​ပြေလှ......

နေ့စဉ်​ရက်​ဆက်​ ထပ်​​နေ​သော အ​ကြောင်းအရာကိုပင်​ အထူးအဆန်းသဖွယ်​ပြုကာ
အစည်းအ​ဝေးလုပ်​​နေရ​သေးသည်​.....

'. တာဝတိံသာ နတ်​ပြည်​ကြီးဟာဆိုရင်​ဖြင့်​ သိပ်​ကိုလှပဆန်းကြယ်​ ခမ်းနားလွန်း​ပေသည်​...ဆို​တော့ကာ... ဒိအလှအပ​တွေနဲ့အပြိုင်​ နတ်​ပြည်​ကြီးဟာ စည်​ကား​နေမှ ​တော်​ကာကျလိမ့်​မ​ပေါ့.... တစ်​ဦးတည်းအပိုင်​မယူဘဲ မျှ​ဝေခံစားခြင်းဟာ ​ကောင်းခြင်းတစ်​မျိုး​ပေမို့..........''

''ကဲကဲ... ရပြီ... အကြံ​ပေးနတ်​မင်းကြီး Suho...
ပြောချင်တာက အရင်​​နေ့​တွေကလိုပဲ.. နတ်​ပြည်​ကို လူ​တွေများများ​ရောက်​လာဖို့.... ​ကောင်းမှုကုသိုလ်​ပြု​အောင်​ တိုက်​တွန်းဖို့မဟုတ်​လား...ကျုပ်​သိပြီ....''

''မှန်​လှပါ အရှင်​သိကြားမင်း ''

''အိမ်း... သိပြီမို့.. ဒီကိစ္စ ကျုပ်​စဉ်းစားထားမယ်​... တာဝတိံသာ meeting ကို ဒီမှာတင်​ရပ်​ကြစို့...ကဲကဲ... ပြန်​ကြ​တော့...''

ဤကဲ့သို့ ​မောင်းထုတ်​ပြီး​နောက်​ အလျိုလျိုပြန်​သွားကြ​သော နတ်​မင်းကြိး​တွေကို ​မေး​ထောက်​ပြီးသာကြည့်​​နေမိလိုက်​သည်​.....

ခြေမျက်​စိထိဖုံး​သော ဂါဝန်​ရှည်​ကြီး​တွေကို မ ကာ မကာ သွား​နေပုံကိုကြည့်​ကာ ကျွန်​​တော်​သိကြားမှာ စုတ်​တသပ်​သပ်​.....

အဲ့ဒါ​တွေ​ကြောင့်​ အမြဲ ​အောက်​က​ဘောင်းဘီရှည်​ခံဝတ်​တာ.....

တွေး​နေရင်းပင်​ ပလ္လင်​​ပေါ်မှ ဝှီးခနဲ ခုန်​ဆင်းလိုက်​သည်​....
လေအ​ဝှေ့မှာ ဂါဝန်​​လေးက ဖလီးဖလီး နဲ့... 😇

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now