~22~

3.2K 526 169
                                    


''ပြန်​သုံးသပ်​​ပေး​တော်​မူပါ သိကြားမင်းကြီး.. ''

''မရဘူး... ​သေဒဏ်​ပဲ.... ''

''သိကြားမင်းကြီး... အပြစ်​ဒဏ်​ကများလွန်းပါတယ်​ ဘုရား... ပြန်​ဆင်​ခြင်​​ပေး​တော်​မူပါ... ''

အ​ခြေအ​နေကို ​လေ့လာမည်​ဆိုလျှင်

တစ်​ဖက်​၌
ညီလာခံ ခန်းမထဲက ကြမ်း​ပြင်​​ပေါ်တွင်
ဝပ်​တွားခယကာ ​တောင်းပန်​​နေကြ​သော
တာဝတိံသာနတ်​မင်းကြီးများ
ကို မြင်​ရမည်​ဖြစ်​ပြီး

အခြားတစ်​ဖက်​တွင်​​တော့
ခေါင်း​မော့ ရင်​​ကော့
ခါး​ထောက်​ကာ
စိတ်​ကြီးအလီလီဝင်​​နေ​သော မျက်​နှာ​ပေးဖြင့်
ပုလ္လင်​ထက်​ဝယ်​ တင်​ပလ္လင်​​ခွေထိုင်​​နေ​သော
သိကြားမင်း Park Chanyeolကိုမြင်​ရမည်​ဖြစ်​သည်​....

''ဘာရယ်​...ပြစ်​ဒဏ်​က များတယ်​ ဟုတ်​လား..
နတ်​တို့သနှင်း သိကြားမင်းကို
ခွေး​ချေး​ကျွေးတာက​ရော မလွန်​ဘူးလား.. ဟမ်​.. ''

ခါးကြီး​ထောက်​ မျက်​​မှောင်​ကြီးကျုံ့ပြီး
မ​ကျေနပ်​ချက်​​တွေကို ​ပြောလာတဲ့ Chanyeol..

Chanyeol​ရှေ့တည့်​တည့်
ကြမ်းပြင်​​ပေါ်တွင်​ မတ်​တပ်​ရပ်​​နေ​သော
Sehun မှာ​တော့ ဒူး​တွေတုန်​​နေပြီဖြစ်​သည်​...

ကြောက်​၍​တော့ မဟုတ်​..
သေး​ပေါက်​ချင်​၍သာ...

ဗိမာန်​​တော်​က ထွက်​လာတုန်းက
မ​ပေါက်​ခဲ့ရသဖြင့်​ ယခုမူ မိမိ၏​ရွှေပြွန်​မှာ
ရေသွန်​ချင်​​နေပြီဖြစ်​သည်​...

Sehun ဒူးနှစ်​ဖက်​ကို ယှက်​ကာ ​ခြေလိမ်​ထားသည်​.....

''Chanyeol အဲ.. သိကြားမင်းရယ်​..
ဒါက ကျွန်​​တော်​​ကျွေးတာမှမဟုတ်​ဘဲ..
သိကြားမင်းဘာသာ ငတ်​ အဲ.. ဆာ​လောင်​ပြီး ယူစား..စား... ''

ပေါင်​ကိုလိမ်​ထားရင်းမှ
လက်​ဟန်​​ခြေဟန်​နဲ့ ဖြစ်​စဉ်​ကို ရှင်းပြ​နေ​သော sehun...

ရှင်းပြရခြင်း အ​ကြောင်းမှာ..
မလှမ်းမကမ်းမှာ ရှိ​နေတဲ့ ချစ်​ရပါ​သော
ပေပီလုဟန်​ ​လေး အထင်​မလွဲ​စေလို၍သာဖြစ်​သည်​ ...

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now