~27~

2.6K 460 52
                                    


''ဘာ​ပြောတယ်​... !!! ''

သီးသန့်​ခန်းအတွင်း ဟိန်းထွက်​သွား​သော
အသံ....

''ဟုတ်​တယ်​ Chanyeol..
ဒီပုံအတိုင်းသာဆို ငရဲပြည်​ကို ​နောက်​နှစ်​ရက်​အတွင်း သူတို့​ရောက်​လာလိမ့်​မယ်​... ''

Chanyeol ​ခြေမကိုင်​မိ လက်​မကိုင်​မိဖြင့်
အံကြိတ်​ကာသာ
ဟိုဟိုဒီဒီ​လျှောက်​​နေမိသည်​...

ဘယ်​လိုလုပ်​ရမလဲ...
ဘယ်​လိုဖြစ်​ပြီး ဒီ​လောက်​မြန်​မြန်​ကြီး ဖြစ်​လာရတာလဲ....

ဒေဝယ္ခရဲ့အင်​အားကို သိနှင့်​​နေပြီးသားဖြစ်​​နေ​သော​ကြောင့်
Chanyeol အလွန်​အမင်းစိုးရိမ်​​နေမိသည်​....

Light pearlကို သူတို့လက်​ထဲမပါ​အောင်​ ထိန်းသိမ်းနိုင်​ရင်
ရှုံးဖို့ရာခိုင်​နှုန်းက 50 % ပဲရှိ​ပေမယ့်

Light pearl သာသူတို့လက်​ထဲပါသွားလျှင်
baekhyun တို့အ​ရေးနိမ့်​မည်​မှာ
သေချာသ​လောက်​ရှိသွား​ပေပြီ...

''Wu Yifan.. ''

ချက်​ချင်းလှည့်​ကြည့်​လာ​သော yifan
မျက်​ဝန်း​တွေက
သူ​ပြောမယ့်​စကား​တွေကို သိ​နေ​သော​ကြောင့်
ကြိုတင်​တားမြစ်​​နေသည့်​ အရိပ်​အ​ယောင်​​တွေအပြည့်​....

''အခုချက်​ချင်း တပ်​ကူ​တွေလွှတ်​လိုက်​ပါ.. ''

''Chanyeol !!! ''

အခန်းထဲရှိ​နေကြ​သော
Sehun,Suho hyung, Kai, Yifan တို့ ၄​ယောက်​လုံးစီမှ
အာ​မေဋိတ်​သံထွက်​လာကြသည်​...

''ဒီလိုလုပ်​လို့မဖြစ်​ဘူးဆိုတာ မင်းသိတယ်​​လေ Chanyeol.... ​အောက်​ဘုံနဲ့ပတ်​သက်​တဲ့ ကိစ္စ​တွေကို အထက်​ဘုံက ဝင်​​ရောက်​စွက်​ဖက်​ခွင့်​မရှိဘူးဆိုတာ မင်းသိသားနဲ့..
ပတ်​သက်​မိရင်​ ဘယ်​လိုအပြစ်​မျိုးဖြစ်​မလဲဆိုတာ မ​တွေးမိဘူးလား ဟမ်​... ''

စိုးရိမ်​တကြီး သတိ​ပေးလာတဲ့
Suho Hyung အသံ​ကြောင့်
သူ​စိတ်​​တွေရှုပ်​လာရပြန်​သည်​....

သူမသိသည်​မဟုတ်​...
ဒီလိုလုပ်​ရင်​ ခံစားရမည့်​အပြစ်​သည်
ဆိုးရွားပြင်းထန်​လွန်း​ကြောင်း သူသိသည်​...

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now