~14~

3.6K 582 77
                                    


သာယာလွန်း​သော နံနက်​ခင်း​လေး..

တစ်​ပတ်​မှာ တစ်​ရက်​တည်း​သော နားရက်
တနင်္ဂ​နွေ​နေ့​လေးမို့
သိကြားparkက​လေး  အိမ်​​ရှေ့ထွက်​ကာ
ပတ်​ဝန်းကျင်​ကို ပြုံးပြုံးကြီးရှုစား​နေလိုက်​သည်​...

ညက မိုးတစ်​​ဖြောက်​နှစ်​​ဖြောက်​ ရွာထားတာ​ကြောင့်
မြေသင်းနံ့သင်းသင်း​လေးက နှစ်​သက်​ဖွယ်​​ကောင်းလှသည်​..

Sehun က​တော့ အိပ်​လို့​ကောင်းတုန်း..

Luhan နဲ့ Baekhyun က​တော့
၆နာရီ​လောက်​တည်းက
ဈေးသွားပြီဖြစ်​သည်​..

Baby ​လေး ပြန်​အလာကို​စောင့်​ရင်း..
လူသား​တွေကို ​စောင့်​ကြည့်​ရင်း..
သီချင်း​လေးငြီး​နေမိသည်​...

''​ငွေ​ရောင်​နှင်းစက်​​လေး​တွေဖျန်းတဲ့ပန်းလို... အိုးဟိုး....
ရွှေ​ရောင်​ဝင်းတဲ့အသားနဲ့ လန်းတယ်​..အိုးဟိုး... 🎶🎶🎶 ''

ကြည့်​စမ်း...
လောကကြီးက ​နေတတ်​ရင်​ ​ကျေနပ်​စရာကြီး..

''မင်းက သီချင်းဘက်​မှာ ပါရမီပါသားပဲ
Chanyeol... ''

နောက်​​ကျောဘက်​ဆီမျဖ ထွက်​လာတဲ့ အသံပိုင်​ရှင်​ကို သိပြီးသားမို့
Chanyeol ​ကျေနပ်​ပြုံးကြီးပြုံးကာ
လှည့်​ကြည့်​လိုက်​သည်​..

''အင်း.. အဲ့လိုထင်​ရတယ်​​နော်​..
ငါလဲသိပါတယ်​... အင်း..
အရာရာတိုင်းနီးပါးမှာ ထူးချွန်​​နေ​တော့လဲ ခက်​သား.. ''

ခေါင်းတစ်​ခါခါဖြင့်​ စိတ်​ပင်​ပန်း​နေဟန်​ လုပ်​ပြ​နေတဲ့ Chanyeol ကို Sehun အသံတိတ်​ဆဲသည်​...

ထိုအချိန်​မှာပင်
ခြင်း​တွေ ပလုံး​တွေနဲ့ ပြန်​လာတဲ့
အပု​လေး နှစ်​​ကောင်​...

နှစ်​​ယောက်​သား​ပြေးဆင်းကာ
သူတို့လက်​ထဲက အထုတ်​​တွေကို 
ပြေးဆွဲလိုက်​​တော့ ဆုအ​နေနဲ့
အနမ်းတစ်​ချက်​စီရလိုက်​သည်​...

အဟိ.. ​ပျော်​စရာကြီး​နော့..

''ဘာ​တွေဝယ်​လာတာလဲ Baby.. ''

''ကြက်​သား ဘူးသီး.. ကန်​စွန်းရွက်​.. ''

''အိ.. ငါ့အကြိုက်​​တွေ.. ''

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now