~21~[real]

3.3K 537 166
                                    


''ဟင့်​.. လွမ်းလိုက်​တာ ... ''

ခုတင်​​ပေါ် လူးလှိမ့်​ကာ
မျက်​ရည်​ဖြိုင်​ဖြိုင်​ကျလျက်​ အလွမ်းဒဏ်​ကို
လူးလှိမ့်​ခံစား​နေရရှာ​သော
ငရဲမင်း Byun Baekhyun..

''ဖုန်း​လေး​တောင်​မဆက်​ဘူး..
နေနိုင်​လိုက်​တာ... အကျင့်​မ​ကောင်းတဲ့​ကောင်​စုတ်​ကြီး.. လူကိုပစ်​ထားတယ်​... ''

ခုတင်​​ပေါ်က​နေ ​ခြေဆင်းထိုင်​လိုက်​ကာ
စားပွဲ​ပေါ်တင်​ထားတဲ့ ဓာတ်​ပုံ​လေးကိုလှမ်းယူလိုက်​သည်​...

မုန့်​လုံး​ရေ​ပေါ်စား​နေတုန်း
အမှတ်​တရရိုက်​ထားတဲ့ပုံ​လေးမို့
ပါးစပ်​ထဲ မုန့်​​တွေသွပ်​ထားတာ​ကြောင့်
ချစ်​ရသူရဲ့ ပါး​လေးတစ်​ဖက်​က ​ဖောင်း​ဖောင်း​လေး...

ထိုပါး​ဖောင်း​ဖောင်း​လေးကို လက်​နဲ့အသာပွတ်​သပ်​​ကြည့်​လိုက်​ပြီး..
ရွှတ်​ခနဲ နမ်းလိုက်​မိသည်​...

''ဟာ​ဗျာ.. လွမ်းပါတယ်​ဆိုမှ အသဲယား​အောင်​လာလုပ်​​နေတာ.. ခင်​​ဗျားကြီးက တကယ်​ဆိုးတာပဲ.. ''

ဓာတ်​ပုံကို စားပွဲ​ပေါ်ပြန်​တင်​ပြီး
အိပ်​ခန်းထဲက​နေ ထွက်​ခဲ့လိုက်​သည်​...

အလွမ်း​ပြေလို​ပြေငြား
ပလ္လင်​​ပေါ် တက်​ထိုင်​ကာ
CCTV ​တွေကိုစစ်​​ဆေးကြည့်​​နေလိုက်​သည်​.. .

''Do D.O. ​ရေ.. ​ရေခဲ​သေတ္တာထဲက ​ရေခဲမုန့်​ဘူး​လေးယူခဲ့​ပေးစမ်းကွယ်​ ... '

နဖူးက​နေ တ​တောက်​​တောက်​ကျလာတဲ့​ချွေး​တွေကို လက်​ဖမိုး​လေးနဲ့သုတ်​လိုက်​သည်​..

''Baby နဲ့ပတ်​သက်​ရင်​ ​ချွေးစက်​တစ်​စက်​ကို​တောင်​ မြတ်​နိုးရလွန်းတာမို့ ကိုယ့်​အတွက်​ အဖိုးတန်​​လေး​တွေကို အလဟဿ မဖြစ်​​စေနဲ့... ''

ဟုဆိုကာ လက်​ကိုင်​ပုဝါ တစ်​ခုသက်​သက်​ထားပြီး ကိုယ်​​ချွေးထွက်​တိုင်း သုတ်​​ပေးကာ
တယုတယ သိမ်းထားတတ်​တဲ့
Park Chanyeolကို လွမ်းတယ်​...

ခင်​​ဗျား ​သောက်​ပိုလုပ်​တာ​တွေကို​တောင်
ကျွန်​​တော်​ သတိရ​နေပြီ အရူးကြီးရဲ့...
😭😭😭

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမحيث تعيش القصص. اكتشف الآن