~8~

5.3K 703 93
                                    

မီယမ်​မာ is luv 😘

>>>>>>>>><<<<<<<<<

ခွေ​ခွေ​လေးအိပ်​​ပျော်​​နေတဲ့ Baekhyunee ကို
သူ​ပြုံးပြုံး​လေး​ငေးကြည့်​​နေမိတယ်​..

ဒီအတိုင်း​လေး အိပ်​​ပျော်​​နေတာက​တောင်
သိပ်​ကိုပြီးပြည့်​စုံလွန်း​နေ​တော့လည်း ခက်​သား...

နဖူး​ပေါ် ခပ်​ဝဲဝဲကျ​နေတဲ့ ဆံစ​လေး​တွေကို သပ်​​ပေးလိုက်​ပြီး​နောက်
ဒူး​ထောင်​ထိုင်​ကာ ​မေးတင်​.. ​ခေါင်း​စောင်းပြီးဆက်​ကြည့်​​နေမိသည်​...

ချစ်​လိုက်​တာ.....

သူ့ကိုမြင်​​တိုင်း.. ချစ်​လိုက်​တာ​နော်​.. ဟူ၍သာ
တွေး​နေမိသည်​.. ​ပြောချင်​​နေမိသည်​...

''​တောင်​..​တောင်​... ​''

ဟော... အုန်း​မောင်း​ခေါက်​သံ..

မနက်​၂နာရီ​တောင်​ထိုးပြီပဲ...

ဆရာ​တော်​ ချ​ပေးထားတဲ့ ဖျာ​ချော​လေး​ပေါ် အသာလှဲချပြီး Baekhyunee ​လေးနားကို
တိုးကပ်​လိုက်​သည်​..

အိပ်​​ပျော်​​နေတဲ့ ငရဲမင်း​လေးကို
ရင်​ခွင်​ထဲဆွဲသွင်းလိုက်​​တော့
နဂိုကတည်းက ​ကွေး​ကွေး​လေးအိပ်​​နေတဲ့
သူ့အ​နေအထားနဲ့... ကိုယ့်​ရင်​ခွင်​က အံဝင်​ခွင်​ကျဖြစ်​စွာ...

ရင်​ဘတ်​ကိုလာထိခတ်​တဲ့
ခပ်​​နွေး​နွေး​လေ က​လေး​တွေ​ကြောင့်
သ​ဘောတကျပြုံးမိသည်​...

သြော်​.. ဒီအ​နေအထားမျိုးနဲ့.. ဒီတစ်​ည အိပ်​​ပျော်​ပါ့မလား​လေ....

>>>>>>>>>>><<<<<<<<<<<

''Chan... Chan ထ​တော့...''

ပုခုံးကို ခပ်​​ဖြေး​ဖြေးခါယမ်းပြီး နှိုး​နေ​သော အသံ​သေး​သေး​လေး​ကြောင့်
အိပ်​စက်​​နေရာမှ မျက်​လုံးဖွင့်​လိုက်​မိသည်​..

မျက်​လုံးဖွင့်​ဖွင့်​ချင်းမြင်​လိုက်​ရတာက
ပြုံး​နေ​သော သူ့မျက်​နှာ​လေး...

မနက်​ခင်းကို သူ့အပြုံး​လေးနဲ့ စတင်​ရတာ
ဘယ်​​လောက်​​တောင်​ ​ပျော်​စရာ​ကောင်းလိုက်​သလဲ....

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now