~28~

2.6K 429 26
                                    

ပူပြင်းလွန်း​သော ငရဲပြည်​၏အပူချိန်​နှင့်​အပြိုင်
ငရဲပြည်​ကိုအုပ်​ချုပ်​သူ
ယမမင်း၏ စိတ်​အစဉ်​သည်​လည်း
ပူပြင်းလျက်​ရှိသည်​....

ရုံးခန်းထဲထိုင်​ရင်း
နံရံပတ်​ပတ်​လည်​မှာ​ရှိ​နေတဲ့
Monitor ​တစ်​ခုချင်းစီမှာ ​ပေါ်​နေ​သော
ငရဲပြည်​၏ ပုံရိပ်​အသွယ်​သွယ်​ကိုကြည့်​ရင်း
ခြေမကိုင်​မိ လက်​မကိုင်မိ ဖြစ်​လျက်​ရှိသည်​...

အတတ်​နိုင်​ဆုံးကြိုးစားကာ
ခံစစ်​အတွက်​ အ​ကောင်းဆုံးပြင်​ဆင်​ထားခဲ့..
ပြင်​ဆင်​​နေဆဲ ဖြစ်​​သော်​လည်း
တကယ်​တမ်း ရုတ်​ချည်းဆိုသလို
တိုက်​ခိုက်​ခံရမည်​ဆိုပါလျှင်
ရန်​သူ့အင်​အားကို ခုခံဖို့ရန်​မှာ
ထင်​သ​လောက်​ အင်​အားမရှိ.....

တာဝတိံသာက စစ်​ကူ​တွေယူထား​ပေမယ့်
လည်း... စစ်​ကူသည်​ စစ်​ကူသာဖြစ်​သည်​...

တပ်​ရင်းက​တောင်​ ခုခံဖို့
အင်​အားမရှိမှ​တော့
စစ်​ကူသည်​လည်း
မှန်းသ​လောက်​ အလုပ်​ဖြစ်​မည်​မထင်​ပါ​ပေ...

သက်​ပြင်းအခါခါချကာ
စားပွဲ​ပေါ်တင်​ထားတဲ့ ​ရေခွက်​ထဲက
ရေကို အကုန်​​မော့​သောက်​ပစ်​လိုက်​သည်​...

''သူတို့ ​ရောက်​လာပြီ ငရဲမင်း Byun.. ''

တံခါး​တောင်​ မ​ခေါက်​နိုင်​ဘဲ
အခန်းထဲတန်းဝင်​လာတဲ့ Do D.O. ရဲ့
အ​နေအထားအရ
ရန်​သူ့တပ်​သည်​ အဝီဇိဧရိယာထဲ
ရောက်​ရှိနှင့်​​နေပြီဖြစ်​​ကြောင်း
သူသိလိုက်​သည်​...

လက်​ထဲက ဖန်​ခွက်​ကို ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ပြီး ​လေပူတစ်​ချက်​မှုတ်​ထုတ်​ကာ
ရေခွက်​ကို စားပွဲ​ပေါ်ပြန်​တင်​လိုက်​သည်​....

''အချိန်​ကျပြီ​ပေါ့...
စီစဉ်​ထားတဲ့အတိုင်းပဲ ဆက်​လုပ်​သွားပါ.. ''

''ဟုတ်​ကဲ့... ''

နောက်​ဆုံး​တော့....
နောက်​ဆုံး​တော့.... တကယ်​ကြိးဖြစ်​လာခဲ့ပြီ​ပေါ့.....

အတတ်​နိုင်​ဆုံး​ကြိုးစားကာ
ပြင်​ဆင်​ထားခဲ့သည်​ပဲ....

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမحيث تعيش القصص. اكتشف الآن