~29~ (Final)

3.6K 417 100
                                    


စက္ကန့်​ပိုင်း​လောက်​ တိတ်​ဆိတ်​သွား​သော
ပတ်​ဝန်းကျင်​အ​ခြေအ​နေ......

ခပ်​​အေး​အေး​လေက
ခန္ဓာကိုယ်​ကိုဖြတ်​တိုက်​သွားတိုင်း
အ​သွေးအသားထဲထိ ​အေးစိမ့်​​နေ​အောင်
ခံစားရသည်​...

''ဘယ်​လိုလဲ... ကျွန်​​တော်​တို့ စီးချင်းထိုးကြမလား... ''

ဖြေး​ဖြေးမှန်​မှန်​ထွက်​လာ​သော
Baekhyun အသံအဆုံး....
ကျယ်​​လောင်​စွာထွက်​လာ​သော
ဟားတိုက်​ရယ်​​မောသံကြီး​ကြောင့်
Baekhyun အလိုမကျစွာ
မျက်​​မှောင်​ကျုံ့လိုက်​မိသည်​...

''ဘာရယ်​.... မင်းက...
ငါနဲ့.... ဟားဟား.... လက်​တစ်​ဆုပ်​စာပဲရှိတဲ့ ​ကောင်​ကများ.... ဟားဟား... ''

''ဟက်​... ''

ခွက်​ထိုးခွက်​လန်​နီးပါး
ရယ်​​မော​နေ​သော ထိုဘီလူး၏ သဏ္ဍာန်​သည်
Baekhyun ၏ ​ဒေါသတို့ကို တမင်​ဆွ​နေသလိုပင်​.....

တစ်​ချိန်​တည်းမှာပင်​....
တစ်​ဖက်​ရန်​သူကို အထင်​​သေးတတ်​လွန်းသည့်
ဒေဝယက္ခ၏ အသိအမြင်​နည်းပါးမှုကိုလည်း
လှောင်​ရယ်​မိသည်​....

'' အပို​တွေ​ပြောမ​နေဘဲ
သ​ဘောတူလားမတူလားပဲ​ပြောပါ.. ''

ရယ်​​နေ​သော ဘီလူး၏ မျက်​နှာသည်
Baekhyun စကားအဆုံးမှာ
ရုတ်​ချည်းတည်​သွားသည်​....

''​ကောင်းပြိ​​လေ.... စကြတာ​ပေါ့.... ''

ဝုန်းခနဲထ​တောက်​လာ​သော
မီး​တောက်​များသည်​ သူတို့နှစ်​​ယောက်​အား
ဝန်းရံ၍ စည်းဝိုင်းသဏ္ဍာန်​​ ခပ်​ကျယ်​ကျယ်​​ပေါ်ထွက်​လာသည်​......

''မဆိုင်​တဲ့လူ ဝင်​ရှုပ်​လို့မရ​အောင်​ပါ ''

Baekhyun ၏ စကားကို
ထောက်​ခံသည့်​ပုံဖြင့်​ ​ဒေဝယက္ခက ​ခေါင်းငြိမ့်​သည်​.....

Baekhyun ၏ ​ကျောပြင်​မှ
တောင်​ပံနက်​တစ်​စုံသည်
ဝံ့ကြွားထည်​ဝါစွာ ထွက်​​ပေါ်လာသည်​...

ထို့အတူ
ဒေသယက္ခ၏ လက်​တွင်း၌်​လည်း..
၎င်း၏ ခန္ဓာကိုယ်​တစ်​ဝက်​​လောက်​ရှိ​သော
တင်းပုတ်​ကြီးသည်
ကြောက်​ခမန်းလိလိ .........

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now