~25~

2.6K 475 121
                                    


မီး​တောက်​မီးလျှံ​တွေ..
ချော်​ရည်​ပူ​တွေ ပတ်​လည်​ဝိုင်း​နေတဲ့
ငရဲပြည်​၏ အချက်​အချာအကျဆုံး​နေရာတွင်
တည်​ရှိ​နေပါ​သော
ခမ်းနားထည်​ဝါလွန်းသည့်
ဗိမာန်​​တော်​...

ငရဲမင်းကိုယ်​တိုင်
ဒီဇိုင်းဆွဲထား​သော ​ဗိမာန်​​တော်​ဖြစ်​သည့်​အ​လျောက်​..
ဒီဇိုင်းကာလာအ​နေအထား ​မြွေဖား က​တော့
လန်​ထွက်​ပျံတက်​ လျက်​ရှိသည်​....

ထို​ဗိမာန်​​တော်​ကြီး၏
အတွင်းဘက်​ကျကျ သီးသန့်​အခန်းတစ်​ခန်းတွင်​​တော့
ငရဲကြီးရှစ်​ထပ်​ကို အစိုးရပါ​သော
ငရဲမင်းနှင့်​ သူ၏ချစ်​လှစွာ​သော
Seme ကိုကို တို့အိပ်​စက်​လျက်​ရှိသည်​...

ပြင်​ပမှ ဝင်​​ရောက်​လာ​သော
မီးအပူဒဏ်​ကို အံတုဖို့ရာ
လေ​အေး​ပေးစက်​ကို
ခပ်​ပြင်းပြင်းဖွင့်​ထားမိသည်​...

တစ်​ခါတစ်​ရံမှ ​ရောက်​လာတတ်​​သော
ကိုကိုပတ်​ခ်​ ငြိုငြင်​သွားမှာစိုးလွန်းလှပါသည်​...

သို့​သော်​...
သူ၏ကိုကိုပတ်​ခ်​ မှာကား
စောင်​အထူကြီးကို ​ခေါင်းမြီးခြုံကာ
ဒူးနှစ်​ဖက်​​ကွေးပြီး
ပုစွန်​ထုတ်​​လေးလို ခိုက်​ခိုက်​တုန်​ကာ
အိပ်​စက်​​နေရှာသည်​....

အင်း...
သူ့service ကနည်းနည်းကြမ်းသွားပြီထင်​သည်​...

ချွေး​လေးနည်းနည်းထွက်​သွား​အောင်
တစ်​ခုခုလုပ်​လိုက်​ရင်​​ကောင်းမလား.... 😵

လေ​အေး​ပေးစက်​ ပိတ်​တာတို့ဘာတို့​ပြောပါတယ်​ 😴

အ​တွေးကို အ​ကောင်​အထည်​​ဖော်​ရန်
အိပ်​​နေရာမှ ငုတ်​တုတ်​ထထိုင်​လိုက်​သည်​...

မဖြစ်​​သေး..
ပိတ်​လိုက်​ရင်​လည်း ပူလာဦးမယ်​..
နည်းနည်း​လောက်​ပဲ ​လျှော့လိုက်​ရင်​ အဆင်​​ပြေမယ်​ထင်​သည်​...

အိပ်​ရာ​ဘေးနားချထားတဲ့
Remote​လေးယူပြီး
လေ​အေးအရှိန်​ကို ​လျှော့ချလိုက်​သည်​...

Remote​လေးကို အသာ​လေး​ဘေးပြန်​ချပြီး
ချစ်​သူ့နား ဝင်​တိုး​ဝှေ့ကာ အိပ်​မလို့
ခန္ဓာကိုယ်​​လေးလှဲခါစရှိ​သေး....

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now