~19~

3K 570 129
                                    


''Chan ... ထ​တော့...''

''Hun​ရေ... ​နေထွက်​​နေပြီ... ထ​တော့​နော်​.. ''

ကွပ်​ပျစ်​​ပေါ်မှာ ပုဆိုး​လေး​တွေခြုံပြီး
ကွေး​ကွေး​လေးအိပ်​​နေကြတဲ့ Chanyeol နဲ့ Sehun ကို
အသာအယာ​လေးနှိုး​နေတာက
Baekhyun နဲ့ Luhan....

မနက်​​စော​စော ​ဈေးသွားမလို့​အောက်​ဆင်းလာ​တော့
ပုစွန်​ထုပ်​​လေး​တွေလို ​ကွေး​ကွေး​လေးအိပ်​​နေကြတဲ့ ထိုနှစ်​​ယောက်​ပုံစံ​ကြောင့်
အ​တော်​​လေးသနားမိသလို
ကိုယ်​​တွေများ လွန်​သွားသလားလို့​တောင်
ပြန်​​တွေးကြည့်​မိသည်​....

စဉ်းစားကြည့်​မှ... ​သြော်​... ​ဖောက်​ပြန်​​နေတာလဲမဟုတ်​...
သူများလင်​​တွေလို အရက်​​သောက်​ ဖဲရိုက်​​ ​​နေတာလဲမဟုတ်​...

ရိုးရိုးသားသား ဆိုက္ကားနင်းစား ​​နေတဲ့
ချစ်​​ယောက်ျား​လေး​တွေမဟုတ်​လား...

တစ်​ခါတစ်​​လေ ​အ​ပေါင်းအသင်းဆုံလို့
နည်းနည်းပါးပါး​သောက်​တာ​လေး​တော့ရှိမှာ​ပေါ့​လေ......

ခွင့်​လွှတ်​သင့်​ပါတယ်​.. ဟုတ်​တယ်​ဟုတ်​..?

''Chan na... ထပါ​တော့ဆို...''

'-အင်း~~~''

''ထ​တော့​နော်​... အိပ်​ချင်​ရင်​ အ​ပေါ်မှာသွားအိပ်​​နော်​..
အိမ်​တံခါးဖွင့်​ထားတယ်​... ''

နဖူး​လေးကို တစ်​ချက်​အနမ်း​ပေးပြီး
ဈေးခြင်း​တောင်း​လေးဆွဲကာ
ထထွက်​လာခဲ့လိုက်​သည်​...

''Baby-ah... ကိုယ်​​လေ.. ကိုယ်​က​ အရက်​ကိုကြိုက်​လို့​သောက်​တာမဟုတ်​ပါဘူး... ဒီကဟာ​တွေက တာဝတိံသာကလို နှစ်​ချို့စပါယ်​ရှယ်​ အရက်​​တွေလည်းမဟုတ်​​တော့ ကိုယ်​ကမကြိုက်​ပါဘူး Babyရယ်​... 😞 ''

ခြံတံခါးနား​ရောက်​မှ ထွက်​လာ​သောအသံ​ကြောင့်
ခေါင်းငုံ့ကာ ခိုးပြုံးပြီး
သူ့ဘက်​ပြန်​လှည့်​ကြည့်​လိုက်​​တော့
ကွပ်​ပျစ်​​ပေါ်မှာ ပုံ့ပုံ့​လေးထိုင်​​နေတဲ့
သိကြားမင်း Park Chanyeol​လေးက
ငုတ်​တုတ်​က​လေး....

ခေါင်းကဆံပင်​​တွေကလည်း
ငှက်​သိုက်​​လေးလိုပဲ.. ရှုပ်​ပွလို့...

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမDär berättelser lever. Upptäck nu