~10~

4.2K 670 107
                                    


''Chan ​ရေ.. ထမင်းစားစို့... ''

အိမ်​ထဲကထွက်​လာ​သော
ခပ်​စာစာအသံ​လေး​ကြောင့်​ ကွပ်​ပျစ်​မှာ​လေညှင်းခံရင်း ကာတွန်းစာအုပ်​ဖတ်​​နေရာမှ
ခပ်​သွက်​သွက်​ထပြီး အိမ်​ထဲဝင်​လိုက်​သည်​...

နှစ်​​ယောက်​စာ ထမင်းစားပွဲဝိုင်း​လေးရယ်​..
ဟင်း သုံး​မျိုး​လောက်​ရယ်​..
ခပ်​မှိန်​မှိန်​ မီး​ရောင်​​လေးရယ်​.. တို့က
ကာလ ​ဒေသကို အလှပဆုံးအ​ရောင်​သွင်း​နေသလို.....

''Wow... ဆွဲရ​တော့မယ်​.. အနံ့​လေး​တွေနဲ့တင်​ ​ဗိုက်​ဆာလာပြီ.. ''

ဗိုက်​ကိုပွတ်​ရင်း ထမင်းစားပွဲ​မှာ တင်​ပလ္လင်​​ခွေဝင်​ထိုင်​လိုက်​သည်​..

''ဒါဘာဟင်းလဲ baby.. ''

''ဘဲဥသုပ်​​လေ.. ဘဲဥကို ရှူးရှဲလက်​ဖက်​ရယ်​ ကြက်​သွန်​နီ​လေးရယ်​နဲ့သုတ်​ထားတာ..
ငရဲပြည်​မှာတုန်းက အပါး​တော်​မြဲကြီးက အမြဲသုတ်​​ကျွေး​နေကြ.. ငါအကြိုက်​ဆုံးဟင်းပဲ ..
''မီးဟုန်းဟုန်း​တောက်​ '' hotelက ဟင်း​တွေ​တောင်​ ဒီ​လောက်​မ​ကောင်းဘူး.. Chan စားကြည့်​... ''

ရှည်​လျားလှ​သော အမွှန်းတင်​သံကို နား​ထောင်​ပြီး​နောက်​ သူ့ရဲ့ special ဟင်းလျာကို တစ်​လုပ်​မြည်းစမ်းကြည့်​လိုက်​သည်​..

အင်း.. ​ကောင်းတယ်​ဟ...

''Baby..ဒါက​ရော.. ''

အာ.. ဒါက ဘူးသီးဟင်းခါး.. ငရုတ်​​ကောင်း​လေးနဲ့ချက်​ထားတာ.. ဟီး..ဒါက​နေ့လည်​ကမှ တစ်​အိမ်​​ကျော်​က ​ဒေါ်လှ လာသင်​​ပေးသွားတာ.. ဘဲဥသုပ်​​လေးနဲ့လိုက်​မှာ ဆိုလို့.. ''

လေး​ထောင့်​ပုံ​လေး​ပေါ်​အောင်​ ရယ်​ပြပြီး
ဂုတ်​​လေးပွတ်​ကာ သူ့ဟင်းအ​ကြောင်း​ပြောပြ​နေပုံက တကယ့်​ကို အူယားစရာ..

တစ်​ဇွန်းခပ်​စားကြည့်​လိုက်​သည်​..
ဒါလဲ​ကောင်းသားပဲ..

မီယမ်​မာက အစားအ​သောက်​​တွေကို သိကြားမင်း သ​ဘော​ခွေ့​တော်​မူတယ်​😊

''ဒီဟာ​လေးက​ရော.. ''

''ဒါက.. သရက်​ချဉ်​တဲ့.. အာ့ကငါလုပ်​ထားတာမဟုတ်​ဘူး.. ​ဒေါ်လှ လာလည်​ရင်း လက်​​ဆောင်​​ပေးသွားတာ. သရက်​သီးကိုအချဉ်​​ဖောက်​ထားတာဆိုလားပဲ.. ''

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now