Random 1 လွဲမှားသော

19.9K 669 19
                                    

》》》》》》2018, June

'ကိုကို ကျွန်တော်ပြောတာရော ကြားရဲ့လား...'

ကျွန်တော်အံတင်းတင်းကြိတ်ထားမိလျက် သူ့အား တိုးတိတ်စွာမေးမိသည်။ပါးပြင်မှ စိုစွတ်သောအထိအတွေ့အရ ကျွန်တော်ငိုနေမိပြန်ပြီထင်ပါရဲ့လေ..

သူကတော့ ကျွန်တော်အားဂရုမစိုက်နိုင်စွာ...

ရင်ဘတ်ကိုဆုပ်ကိုင်ထားမိသော လက်ချောင်းများကြားမှ စိုစွတ်သောအထိအတွေ့တစ်ခု..။

'..အာ့..'

တင်းကျပ်စွာဆုပ်ခြေမိတော့ စူးအောင့်တက်လာသော ခံစားမှုကြောင့် အောက်နှုတ်ခမ်းကိုသာ နာနာဖိကိုက်ထားမိသော်လည်း..မအောင်မြင်စွာ.. ကျွန်တော့်နှုတ်ခမ်းမှ ညည်းသံတချို့က တစ်စစီပွင့်အံကျလျက်..

ဒါပေမဲ့လေ.. ဓားဒဏ်ရာထက် ကျွန်တော့်နှလုံးသားက ပိုမိုနာကျင်နေတာတော့ မဖြစ်သင့်ဘူးမို့လား..

ထိုမိန်းကလေး၏ လက်မှပွန်းပဲ့ရာများကို စိုးရိမ်တကြီး ပြုစုပေးနေသော သူ့အား ခပ်ငေးငေးကြည့်နေမိသည်။

မျက်ရည်တွေကြောင့်လား..
ကျွန်တော့်မျက်ဝန်းထဲက သူ့ပုံရိပ်က ခပ်ဝါးဝါးသာ..

မျက်ရည်တွေကလည်း ထိုမိန်းကလေးလို ကျွန်တော့်ကို သူ့ဆီကနေ တားဆီးနေကြရဲ့လေ..
ကျေးဇူးပြု၍ ကျွန်တော့်ကို မတားဆီးကြပါနဲ့လား..
ကျွန်တော်ကသူ့ကို မြင်ချင်ရုံလေးပါ..  ဒီတိုင်းလေးပဲ သူ့နားမှာ နေချင်ရုံလေးပါ..
ဒီထက်ပိုပြီးမလိုချင်ပါဘူး..

သူ့ပုံရိပ်ကို ကာဆီးထားတဲ့ မျက်ရည်တွေ..

'....'

သုတ်ပစ်ဖို့ လက်လှမ်းလိုက်တဲ့အခါ ကျွန်တော့်ဘက်ကို လှည့်လာသောသူကြောင့် လက်က တစ်ဝက်တစ်ပျက်နှင့် လေမှာရပ်တန့်နေလျက်..

သူက စကားပြောရင် ငြိမ်ငြိမ်လေးနားထောင်နေမှ ကြိုက်တာ..

ရုတ်တရက် ကျွန်တော့်အတွေးကို ကျွန်တော်ကိုယ်တိုင်တောင် လန့်သွားရသည်။
သူနဲ့ အတူရှိနေသော ကာလအတွင်း သူက ကျွန်တော့်စိတ်အစဉ်အား စိုးမိုးခဲ့ဟန်တူပါရဲ့လေ..

Boku No Random BL(OC)[completed]Where stories live. Discover now