Random 6 စိုးထိတ်ခြင်း(part 1)

4.7K 281 5
                                    

》》》》》》2018, June

'ဟူး..တော်ပါသေးရဲ့.. လဲကျတော့မလို့..'

ခေါင်းလေးငုံ့ရင်း ခပ်တိုးတိုးရေရွတ်နေသူ..

ဘယ်ချိန်တည်းက တံခါးရှေ့မှာ ရပ်နေလဲမသိ.. မျက်နှာပေါ်တွင်ပင် မိုးရေတို့စီးကျနေလေသည်။

'ကိုယ်...ကိုယ်တောင်းပန်ပါတယ်..'

သူက ခေါင်းမော့ကာပြုံးပြရင်း..

'..အာ...မဟုတ်တာပဲ.. ကျနော်ရပါတယ်..'

လက်မောင်းရင်းထိ လျောကျနေသော အပေါ်ဝတ်အဖြူလေးအား သူအသာဆွဲတင်နေသည်။

အကြာကြီး ပြေးလာပုံပင်..
သူ့ရင်ဘတ်တို့က နိမ့်ချည် မြင့်ချည် လှုပ်ရှားလျက်..
သူ့ပါးပြင်နှစ်ဖက်က နဂိုလို ဖြူလျောလျောမဟုတ်ဘဲ အနည်းငယ်ရဲနေသလို..

'.....'

ကျနော် သတိမထားမိအောင် ခပ်တိုးတိုး အသက်ကို အလုအယက်ရှူနေသည်။

'..ကိုယ်..'

သူပြုံးပြလိုက်သောကြောင့် ကျနော့်စကားလုံးများ လည်ချောင်းထဲမှာပင် ပျောက်ဆုံးသွားတော့သည်။
ကျနော့်ရှေ့တွင် ကြံခိုင်ချင်ယောင်ဆောင်တတ်သူအား ကျနော်ဘာမှမပြောဖြစ်တော့..

သူခဏလောက်ငြိမ်နေပြီးမှ..

'အာ.. အကိုတို့ ဒီဘက်လာပါဗျ..'

သူဦးတည်ပြီး ပြောလိုက်သောနေရာကို ကြည့်လိုက်မိတော့..အိမ်တံခါးနားသို့ လျှောက်လာနေသော Male Nurse ၃ ယောက်...
သူတို့က ကောင်လေး၏ ဘေးတွင်အသာရပ်လိုက်ကြသည်။

တံခါးရှေ့တွင်ရပ်နေသောသူများကြောင့် ကျနော်နည်းနည်းတော့ အံဩသွားမိလေတယ်..

'..ကျနော်...'

'...ဒီကိုဘာလာလုပ်တာလဲ...'

'..သခင်မလေးနှင်း ဒဏ်ရာရနေတာ.. အာ့..ကျနော် male nurse တွေပါခေါ်လာတယ်. '

'..male nurse..'
ကျနော်ခပ်တိုးတိုးရေရွတ်မိသည်။
သူကတော့ nurse တစ်ယောက်၏လက်ထဲမှ ဆေးသတ္တာကို ဆွဲယူရင်း အထဲသို့ဝင်သွားလေပြီ..

ကျနော်တံခါးနားတွင်သာ တောင့်တောင့်ကြီးရပ်နေမိသည်။

'ဟောဗျာ.. ဘာတွေကြောင်ကြည့်နေတာလဲဗျ.. သခင်မလေးတစ်ခုခုဖြစ်ရင်.. ဒီကလူကြီးပဲ အသဲအသန်ဖြစ်နေပြီး.. '

သူကျနော့်ဘက်ကို တစ်ချက်လှည့်လာကာ ကျနော့်လက်မောင်းကို အသာဆွဲကာ အိမ်ကြီးတွင်းသို့ခေါ်နေသည်။

တံခါးရှေ့မှ လူများကို ကျနော့်အထဲသို့ဝင်ခွင့်ပြုလိုက်သည်။သူတို့လည်း အိမ်အပြင်ဘက်တွင် တော်တော်ကြာကြာရပ်နေခဲ့ကြသည့်ပုံပင်..

သူတို့ရဲ့ ထီးတွေက သူတို့ကိုမိုးစိုသည့်ဒဏ်မှ မကာကွယ်နိုင်ကြတော့ဟန်..
မျက်နှာမှလွဲ၍ တစ်ကိုယ်လုံးစိုရွှဲနေကြလျက်..

ကျနော် သတိမကပ်သေးဘဲ တံခါးနားတွင်သာ ရပ်ကျန်နေခဲ့မိသည်။

အပြင်မှာ မိုးတွေအရမ်းရွာနေတာလား..
.
.
.

'သခင်မလေးနှင်း!'

သွေးစွန်းနေသောဂါဝန်နှင့် အသက်မဲ့စွာထိုင်နေသော နှင်းအားမြင်တော့ အားလုံး လန့်သွားကြသည်။

ဘေးတွင်ကျနေသော ဓားအား male nurse တစ်ယောက်က ပဝါဖြင့်ကောက်ယူသိမ်းဆည်းရင်း..

'..ဒါ...ကျနော်..ဘယ်နားထားရမလဲ..'

'..ဟိုနားက စားပွဲမှာ တင်ထားလိုက်...ဟိုဘက်တစ်ယောက် ကျနော့်ကို ကတ်ကြေးလေးတစ်ချက်လောက်ပေး..'

အိမ်ထဲမှ အသံတွေပွတ်လောရိုက်နေသည့်တိုင်အောင် သူကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိဆဲ..

အပြင်မှာ မိုးတွေအရမ်းရွာနေတာပဲလား...

' သခင်မလေး..မတ်တပ်ရပ်လို့ရရဲ့လားဗျ!'

'....ဟိုဘက်ကနေ တွဲပေးလိုက်..'

'...သွေး...........ရဲ့လား..'

'...ဟိုတစ်ယောက်.......ခဲ့ပေး...'

အသံတွေ တစ်စွန်းတစ်စကြားနေရသည့်တိုင် သူရပ်နေမိသေးသည်။
မှောင်မိုက်နေသောကောင်းကင်ပြင်ကြီးက တောက်ပသောလျှပ်စီးနှင့် အတူမိုးခြိမ်းသံပါ ရောယှက်လာသောအခါ သူဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့...

ရှင်း..
အခု...သူတစ်ယောက်တည်း..

သူတစ်ယောက်တည်း..ဖြစ်နေမှာ..

သူ...ဘယ်လောက်တောင်ကြောက်နေမလဲ...

》》》》》Author's note desu😘💞

Haa~တိုသွားတယ်..😥
Gomen ne mina😢😢

Type ထားတာအကုန်မစစ်ရသေးတော့ စစ်ပြီးသလောက်လေးပဲတင်ပေးလိုက်တာပါ..😷

နက်ဖြန်ထပ်ဒိတ်ပေးပါမယ်ဗျ😍💝
Arigatou for reading mina😍💕

# နောက်တစ်ပိုင်းတော့ ရှင်းအကြောင်းပါလာတော့မှာပါ😇🌸🍀
(I guess..😋💕)

💞Jā ne mina😜✋

Boku No Random BL(OC)[completed]Where stories live. Discover now