Random 24.5

1.2K 100 17
                                    

》》》》》》2018, February

'အ!'

သူမ လက်ထဲမှ ဓားလေးလွတ်ကျသွားသည်။ လှီးလက်စ မုန်လာဥများကို ဒီတိုင်းထားလိုက်ရင်း သူမ ဓားရှသွားသောလက်လေးကို ဆုပ်ကိုင်လိုက်မိသည်။

'နှင်း.. ဘာဖြစ်လို့လဲ.. ဘယ်နားနာသွားဟင်'

ပန်းကန်များချနေရာမှ အမြန်ပြေးလာသော သူ..
သူမ၏လက်မှ သွေးစများကိုမြင်တော့ သူ့မျက်ဝန်းများပြူးကျယ်သွားသည်။

'..ကို.. နှင်း.. ဘာမှမဖြစ်ပါဘူး.. ဓားလေးနည်းနည်းပဲရှသွားတာ.. '

ထိုလက်ကို နောက်ဘက်သို့ပို့ထားရင်း စိတ်ပူနေသောသူကို ခပ်တိုးတိုးပြောနေမိသည်။
သူမ၏အဖြေစကားကြောင့် သူမျက်မှောင်ကျုံ့သွားရင်း ထိုလက်ကို ချက်ချင်းပဲ ပြန်ဆွဲယူလျက်.. လက်အားသေချာကြည့်နေပြီးမှ ခေါင်းငုံ့ထားသောသူမကို ပြန်ကြည့်လာသည်။

'ဘာကို.. နည်းနည်းလေးပဲလဲ.. နှင်းရယ်.. ဒီမှာကြည့် သွေးတွေလည်း.. ထွက်နေပြီကို'

သူ၏ စိတ်ပူနေသောပုံစံကြောင့် သူမခပ်ဖွဖွပြုံးလိုက်မိသည်။

'အဲ့လောက်ကြီးလည်း မနာပါဘူးကိုရဲ့'

စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးသော်လည်း သူက ဒဏ်ရာရနေသောလက်အား ခုထိမလွှတ်လာသေး..
ညိုဖျော့ဖျော့မျက်ဝန်းတို့က စားဖိုဆောင်ဘေးဘက်မှ အလုပ်လုပ်နေကြသော maid တွေကို ဝေ့ဝိုက်၍ကြည့်နေသည်။

'ဘယ်သူလုပ်တာလဲ..?!'

သူမနဲ့ပြောနေစဉ်က နူးညံ့နေခဲ့သောအသံတို့သည် ချက်ချင်းပဲအေးစက်သွားလျက်..
အလုပ်လုပ်နေသော maid တို့မှာ ထိတ်လန့်စွာ..
လုပ်လက်စအလုပ်တို့ကို အလိုလို ရပ်တန့်သွားမိကြရင်း သူတို့၏သခင်လေးအား မော့ကြည့်မိကြသည်။

မနက်ကပဲ စားဖိုခန်းထဲ ဟန်သခင်မလေးရောက်လာပြီးတော့ ဒုတိယသခင်လေးအတွက် နေ့လည်စာ ကိုယ်တိုင်ပြင်ပေးချင်လို့ပါဆိုကာ ဟင်းတွေပြင်ဆင်နေခဲ့တာ..
အဲနောက်မကြာခင်မှာပဲ စားဖိုဆောင်ထဲ တစ်ခါမှခြေမချဖူးသော သခင်လေးကပါ ရောက်လာပြီး သူမကိုကူညီရန် ပန်းကန်တွေသေချာစီစဉ်ပေးနေရဲ့..

Boku No Random BL(OC)[completed]Where stories live. Discover now