Random 21

1.3K 104 0
                                    

》》》》》 2017,September

'........'

အိမ်တော်ရှေ့တွင် ရပ်လိုက်သော ကားနက်တစ်စီး..
ကြိုရန်စောင့်နေသော  ကိုယ်ရံတော်က ကားတံခါးအားဖွင့်ပေးလာသည်။

'..haha.. ကျွန်တော်ဖွင့်လိုက်ရမှာကို.. ကျေးဇူးတင်ပါတယ်ဗျ..'

ခပ်ဖွဖွရယ်မောရင်း ကားနောက်ခန်းမှ ထွက်လာသော ဖြူလျောလျောကောင်လေး..
ဆွယ်တာအဝါပွပွလေးနဲ့ ဒူးလောက်ဘောင်ဘီတိုတို့ကို ရှူးဖိနပ်အဖြူလေးနဲ့ တွဲဖက်ထားတာကြောင့် တစ်မျိုးလေး ကလေးဆန်နေသည်။
လက်တစ်ဖက်က လွယ်အိတ်ကြိုးကိုဆုပ်ကိုင်ထားရင်း တံခါးဖွင့်ပေးသော ကိုယ်ရံတော်နှင့် ရယ်မောကာ စကားပြောနေလေရဲ့..

'.....'

ရပ်ထားသော ကားလည်း ကောင်လေးဆင်းသွားတာကြောင့် အိမ်တော်အပြင်သို့ မောင်းထွက်သွားသည်။ လာကြိုစဉ်က လိုက်ပါလာသော ကိုယ်ရံတော်က ကောင်လေးရဲ့ပုခုံးကို ခပ်ဖွဖွပုတ်နေရင်း သုံးယောက်သား စကားပြောနေကြသည်လေ..

'......'

ပြတင်းပေါက်ရှည်နားတွင် တိတ်ဆိတ်စွာ ရပ်နေသော ဒုတိယသခင်လေး.. လက်တစ်ဖက်တွင် ကော်ဖီခွက်အားဆုပ်ကိုင်ထားလျက် အိမ်တော်အောက်ဘက်တွင် ရှိနေကြသော ကောင်လေးနှင့်ကိုယ်ရံတော်နှစ်ယောက်အား အာရုံစိုက်၍ ကြည့်နေသည်။
လက်ထဲမှကော်ဖီခွက်မှာ အငွေ့တောင် မထွက်လာတော့..

သခင်လေးဘေးမှ စားပွဲပေါ်တွင်တော့ ပြီးစီးသွားသောစာရွက်စာတမ်းများနှင့် အသစ်ထပ်လုပ်လက်စ စာရွက်များ..

အိမ်တော်ထိန်း စားပွဲကိုတစ်ချက်ကြည့်လိုက်ရင်း ပြတင်းပေါက်နားတွင် ရပ်နေသော သခင်လေးအားပြန်ကြည့်မိသည်။
သခင်လေးအဲ့နားမှာ ရပ်နေတာ ဘယ်လောက်တောင်ရှိပြီလဲ..
.
.
လုပ်လက်စ စာရွက်တွေကို အကုန်ပစ်ပြီးတော့လေ..

'.....'

သူမှတ်ထားတာမမှားဘူးဆိုရင်..
လွန်ခဲ့တဲ့ မိနစ် (၂၀) လောက်က အိမ်တော်ဆီကို ကားဝင်လာတဲ့အချိန်တည်းကထင်ပါရဲ့..

Boku No Random BL(OC)[completed]Where stories live. Discover now