Random 25

1.2K 87 9
                                    

》》》》》》2018,February
.
.
'Yo! ရှင်း မင်းနောက်ကျတယ်'

'Ahahaha.. ohayou နောင်..
.
.
Awaa!!ငါ့နေရာက!'

ချောကလက်ဘူးအသေးအကြီးများ စုပုံနေသောကျွန်တော့်စာရေးခုံကြောင့် နောက်သို့ပင် ခြေတစ်လှမ်းဆုတ်မိသွားသည်။ စာရေးခုံတင်မဟုတ်.. ထိုင်ခုံထက်မှာရောပဲ..

မြင်ကွင်းကြောင့် အတန်းထဲတောင်ဆက်မဝင်နိုင်တော့ဘဲ မင်သက်နေမိသည်။
ဘယ်လောက်ပဲ V day ဆိုဆို.. ဒီလောက်ကြီးကျတော့..

ကျွန်တော့်ဘေးနေရာမှ နောင့်ကိုကြည့်မိတော့ ကျွန်တော့်ကိုကြည့်ကာ ခပ်တိုးတိုးရယ်မောနေလျက်..
သူ၏ စာရေးခုံတွင်တော့ ဘာဆိုဘာမှမရှိ.. ရှင်းလင်းနေသည်။

ဟင့်အင်း.. နောင့်လို king က ဘာမှမရတာတော့မဖြစ်နိုင်..

ဘေးဘက်ကိုမျက်လုံးကစားကြည့်မိမှ သူ့စာရေးခုံရှင်းနေရသည့်အကြောင်းကို သိလိုက်ရသည်။ သူခုံအောက်ခြေမှ ချောကလက်အပြည့်ပါသော အိတ်ကြီးတွေ..

ဟုတ်ပြီ.. သူက ရှင်းပြီးသွားပြီ..

ချောကလက်ပုံဖြစ်နေသော ကိုယ့်စာရေးခုံကိုပြန်ကြည့်ရင်း ဒီတိုင်းပဲရပ်နေမိသည်။

'..ဘယ်မှာ.. ထိုင်ရမှာပါလိမ့်..'

ခပ်တိုးတိုးရေရွတ်မိတော့ ကျွန်တော့်ရှေ့ကိုချက်ချင်းရောက်လာသော မိန်းကလေးများ..
ယောက်ျားလေးအချို့တောင်ပါသေးသည်။

'ရှင်း ငါ့နေရာမှာထိုင်လို့ရတယ်နော်..'

'ရှင်း ဒီကိုလာလေ'

'ရှင်း.. ကိုယ်နဲ့လာထိုင်လေ'

'ရှင်း.. ဒီဘက်ကိုလာလို့ရတယ်ရယ်..'

'ရှင်း..မမဆီလာ'

'..ရှင်း..'

'ရှင်း..'

အတန်းကခဏတာ ဆူညံသွားသည်။ဝိုင်းအုံနေကြသောမိန်းကလေးတွေကြား ရှင်း နေရခက်စွာပဲ ပြုံးနေမိသည်။

သူပြောတာအရမ်းပဲ ကျယ်သွားလို့လားလေ..

'ရှင်း ဒီကိုလာ'

တည်ငြိမ်၍ ဩရှသော အသံကြောင့် အားလုံးတိတ်ကျသွားလျက်..

'.....'

Boku No Random BL(OC)[completed]Where stories live. Discover now